မြိုင်နယ်ထဲ စစ်အုပ်စု ရွာစဉ်ပတ်မွှေ သောင်းကျန်းနေလို့ ပြည်သူတွေ ထွက်ပြေးနေရ၊ စစ်အုပ်စုက တနေ့ထက်တနေ့ ပိုမိုဆိုးရွား သောင်းကျန်းနေဟုဆို၊

မြိုင်နယ်ထဲ စစ်အုပ်စု ရွာစဉ်ပတ်မွှေ သောင်းကျန်းနေလို့ ပြည်သူတွေ ထွက်ပြေးနေရ၊ စစ်အုပ်စုက တနေ့ထက်တနေ့ ပိုမိုဆိုးရွား သောင်းကျန်းနေဟုဆို၊

MFP၊ စက်တင်ဘာ - ၁

မကွေးတိုင်း မြိုင်မြို့နယ်ထဲ စစ်အုပ်စုက ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်း မီးရှို့ သ-တ်-ဖြတ်နေလို့ ထောင်သောင်းချီတဲ့ ဒေသခံပြည်သူတွေ ထွက်ပြေးနေရတယ်လို့ မြိုင်မြို့နယ် ကျေးရွာများ တော်လှန်ရေးတပ်ဦး - MVRF က သတင်း ထုတ်ပြန်ပါတယ်။

သြဂုတ်(၂၂)ရက်က စတင်ပြီး မြိုင်နယ် အနောက်ခြမ်း သဒွတ်ကျေးရွာဘက် ရဟတ်ယာဉ်နဲ့ ချထားခဲ့တဲ့ အင်အား (၁၀၀)ကျော်ပါ စစ်အုပ်စုဟာ မြိုင်မြို့နယ် အနောက်ခြမ်၊ မြိုင်-ဗဟင်း လမ်းဘေးက ကျေးရွာတွေကို တရွာဝင် တရွာထွက် လုယက် ဓားပြတိုက် သောင်းကျန်းပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ တွေ့သမျှ ပြည်သူကို ဖမ်းဆီးပြီး ဓားစာခံ လူသားဒိုင်းအဖြစ် အသုံးချတာ၊ ညှဉ်းပန်း သ-တ်-ဖြတ် နေတာကြောင့် ပြည်သူတွေ ကိုယ်လွတ်ရုန်း ထွက်ပြေးနေရတာလို့ ဆိုပါတယ်။

“ယခုရက်ပိုင်း ကာလများတွင် မြိုင်နယ်ရှိ ကျေးရွာအများစု စစ်ဘေးကြောင့် တိမ်းရှောင်နေကြရပါသည်။ စစ်ကောင်စီ၏ ယုတ်မာမှုများသည် တစ်ရက်ထက်တစ်ရက် ပိုဆိုး၍ လာနေပါသည်။ ပြည်သူ့နေအိမ်များကို မီးရှို့လျက်ရှိပါသည်။ စစ်ခွေးများသည် ပြည်သူပိုင်သော နွား၊ဆိတ်၊ဝက်၊ကြက် များကို ပစ်ခတ် စားသောက်လျက်ရှိပါသည်။ မြိုင်နယ်အတွင်းရှိ ပြည်သူများသည် မိမိပိုင်သော ကား၊လှည်း၊ဆိုင်ကယ်များဖြင့် စစ်ခွေးများနှင့် ဝေးရာအရပ်ဒေသကို တိမ်းရှောင်နေကြရသည်” လို့ MVRF က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ မြိုင်-ဗဟင်းလမ်း အနီးဝန်းကျင် ကျေးရွာတွေဖြစ်တဲ့ သဒွတ်၊ ဂျုတ်ကုန်း၊ သင်းမ၊ ညောင်ပင်ဇောက်၊ ဝက်ဖိုးရွာ စတဲ့ ကျေးရွာတွေထဲ ဝင်မွှေလုယက် သောင်းကျန်းခဲ့ပြီး ရာချီတဲ့ ပြည်သူ့နေအိမ်တွေကို မီးရှိဖျက်ဆီးခဲ့သလို ဒေသခံပြည်သူ (၁၅)ဦး ထက်မနည်းကိုလည်း ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စုက ဂျုတ်ကုန်းရွာကနေ ဗဟင်းလမ်းမကြီးရဲ့ တောင်ဘက်ထဲ ဆက်ထွက်မယ့် အခြေအနေရှိပြီး ယာကြီးပြင် ကျေးရွာဘက် ဦးတည်နိုင်ခြေရှိတာကြောင့် ဒေသခံပြည်သူတွေ သတိထား သွားလာနေထိုင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲတွေက သတိပေးထားပါတယ်။

စစ်အုပ်စု ရွာစဉ်ပတ်မွှေ သောင်းကျန်းနေလို့ ထွက်ပြေးနေရတဲ့ မြိုင်နယ်က ဒေသခံပြည်သူတွေကို ပြည်သူအချင်းချင်း ကူညီစောင့်ရှောက် ကျွေးမွေးနေစဉ်/Photo - MVRF

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #မြိုင် #MVRF #စစ်ပြေ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ