မိုးကုတ်တိုက်ပွဲ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စကစ (၁၅)ယောက် ထက်မနည်း သေ ဟုဆို၊

မိုးကုတ်တိုက်ပွဲ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စကစ (၁၅)ယောက် ထက်မနည်း သေ ဟုဆို၊

MFP ၊ သြဂုတ် - ၂၉

မန္တလေးတိုင်း မိုးကုတ်မြို့နယ်၊ လောင်းစဉ်‌၊ ရေဝေ ရွာဘက်မှာ ဒီနေ့ သြဂုတ်(၂၉)ရက် မနက်(၈)နာရီက စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး အနီးကပ် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စကစ (၁၅)ယောက် ထက်မနည်း သေမယ်လို့ ခန့်မှန်းကြောင်း မိုးကုတ်ဒေသ အခြေပြု Thabeikkyin PDF NUG တပ်ရင်းအမှတ် (၁၂၂၂)က ထပ်မံ သတင်း ထုတ်ပြန်ပါတယ်။

ကားနဲ့ သွားလာနေတဲ့ စစ်အုပ်စုကို ကားလမ်းဘေး ပေ(၆၀)အကွာကနေ အသင့်နေရာယူပြီး တိုက်ခိုက်ခဲ့ကာ တိုက်ပွဲချိန် နာရီဝက် ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

“ကားလမ်းနဲ့ ပေ(၆၀)ဝန်းကျင်အကွာမှ အသင့်နေရာယူခဲ့ပြီး စစ်ကြောင်းထိုး ပြန်လာခဲ့တဲ့ စကစ ကားတစ်စီးပေါ် လက်ပစ်ဗုံး တစ်လုံး ပစ်သွင်းနိုင်ခဲ့သလို မိုင်းငါးလုံး ဖောက်ခွဲနိုင်ခဲ့ပြီး အသင့်ပါသော လက်နက်များဖြင့်လည်း ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ခွေး(၁၅)ကောင်နှင့်အထက် ထိခိုက် သေဆုံးနိုင်ပြီး မိမိတို့ဘက်မှ ရဲဘော်များ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါသည်။ တိုက်ခိုက်မှုအပြီးတွင် စကစဘက်မှ (၆ဝမမ) လက်နက်ကြီး အချက်(၂၀)ကျော်နှင့် စက်လတ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ရှိခဲ့ပြီး တိုက်ပွဲအချိန်မှာ မိနစ် (၃၀)ကျော် ကြာမြင့်ခဲ့ပါသည်” လို့ Thabeikkyin PDF NUG တပ်ရင်းအမှတ် (၁၂၂၂)က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို မိုးကုတ်အခြေပြု တပ်ရင်းတွေ ဖြစ်တဲ့ Thabeikkyin PDF NUG တပ်ရင်းအမှတ် (၁၂၂၂)၊ တပ်ရင်း(၁၂၂၂)နှင့် တပ်ရင်း(၁၂၂၃)တို့က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲ့ဒီ တိုက်ပွဲမှာ ပြည်သူ့လွတ်မြောက်ရေးတပ် - PLA ၊ PDF မိုးကုတ်ဗျူဟာ တပ်ဖွဲ့တွေနှင့် Red Wolves Of Mogok တို့လည်း ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သက်ဆိုင်ရာ တပ်ရင်တပ်ဖွဲ့တွေကလည်း ထုတ်ပြန်ထားပါတယ်။

“မိုးကုတ်အခြေပြု တပ်ရင်းများမှ ယခုလို လုပ်ဆောင်ခဲ့သော မစ်ရှင်များကြောင့် ပြည်သူများ ဝမ်းသာအားရ ကျေနပ်နိုင်ပါစေကြောင်းနှင့် တော်လှန်ရေးတွင် ပါဝင်အားဖြည့်မှူ့များ ပိုမို အားကောင်းလာကာ ဆက်လက် ပါဝင် လှူဒါန်းနိုင်ပါစေကြောင်း ဆုတောင်းလိုက်ပါသည်” လို့ Thabeikkyin PDF NUG တပ်ရင်းအမှတ် (၁၂၂၂)က ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်(၃)ရက်ကလည်း မိုးမိတ်မြို့နယ်က စစ်အုပ်စုရဲ့ ခမရ (၃၄၈)တပ်ရင်းကို Thabeikkyin PDF NUG တပ်ရင်းအမှတ် (၁၂၂၂)၊ တပ်ရင်း(၁၂၂၂)၊ တပ်ရင်း(၁၂၂၃)နှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက သွားရောက် တိုက်ခိုက်ခဲ့ပါသေးတယ်။

Thabeikkyin PDF NUG တပ်ရင်းအမှတ် (၁၂၂၂)၊ (၁၂၂၂)နှင့် (၁၂၂၃) တပ်ဖွဲ့ဝင် ရဲဘော်တချို့ /Photo – Thabeikkyin PDF NUG တပ်ရင်းအမှတ် (၁၂၂၂)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မိုးကုတ် #PLA #RedWolvesofMogok

#ThabeikkyinPDFNUGတပ်ရင်း

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ