ရွှေဝါရောင် တော်လှန်ရေး (၁၅)နှစ်ပြည့် အထိမ်းအမှတ် ကလေးမြို့ လူထုသပိတ် ချီတက်ဆန္ဒပြ၊

ရွှေဝါရောင် တော်လှန်ရေး (၁၅)နှစ်ပြည့် အထိမ်းအမှတ် ကလေးမြို့ လူထုသပိတ် ချီတက်ဆန္ဒပြ၊

MFP ၊ စက်တင်ဘာ - ၂၅

စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခု ဖြစ်တဲ့ ရွှေဝါရောင် တော်လှန်ရေး (၁၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဒီနေ့ စက်တင်ဘာ(၂၅)ရက်မှာ စစ်ကိုင်းတိုင်း ကလေးမြို့နယ် လူထုသပိတ်က " ရွှေဝါရောင် စိတ်ဓာတ် ပဲ့တင်ထပ် စစ်အာဏာရှင် အမြစ်ဖြတ် " ဆိုတဲ့ ကြွေးကြော်သံနှင့်အတူ ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

“ရွှေဝါရောင် တော်လှန်ရေး (၁၅)နှစ်ပြည့် အထိမ်းအမှတ်နေ့တွင် ကလေးမြို့၊ ဒေသခံ ပြည်သူတစ်ရပ်လုံးသည် ရွှေဝါရောင် တော်လှန်ရေး စိတ်ဓါတ်ကို ကိုင်ဆွဲကာ ဖက်ဆစ် စစ်အာဏာရှင်ကို အမြစ်ပြတ်တွန်းလှန် တိုက်ပွဲဝင်ကြပြီး မြန်မာပြည် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ရင်း လမ်းခုလတ်တွင် ကျဆုံးသွားကြသော သူရဲကောင်း အာဇာနည်များကို အောက်မေ့သတိရခြင်း လှုပ်ရှားမှု ကို ပြုလုပ်ခဲ့ကြပါသည်” လို့ ကလေးမြို့ ပင်မသပိတ် အင်အားစုက ဖော်ပြပါတယ်။

ကလေးမြို့ ပင်မသပိတ် အင်အားစုဟာ စစ်အာဏာသိမ်းပြီးချိန်ကတည်းက ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး နေ့စဉ် ချီတက် ဆန္ဒပြနေပြီး ဒီနေ့ဟာ (၅၉၆)ရက်မြောက်အဖြစ် ချီတက်ဆန္ဒပြတာ ဖြစ်ပါတယ်။

#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကလေးမြို့ #လူထုသပိတ် #ရွှေဝါရောင်တော်လှန်ရေး #PeopleStrike

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ