" ထကြွတော်လှန် ကျောင်းသားထုအားမာန် " ကလေးမြို့ လူထုသပိတ် ချီတက်ဆန္ဒပြ၊

" ထကြွတော်လှန် ကျောင်းသားထုအားမာန် " ကလေးမြို့ လူထုသပိတ် ချီတက်ဆန္ဒပြ၊

MFP ၊ အောက်တိုဘာ - ၂၁

ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး နေ့စဉ် ချီတက် ဆန္ဒပြနေတဲ့ ကလေးမြို့ ပင်မ သပိတ်အင်အားစုဟာ ဒီနေ့ အောက်တိုဘာ(၂၁)ရက်မှာလည်း ဒေသခံ ကျောင်းသားကျောင်းသူတွေနဲ့ ပူးပေါင်းပြီး "ထကြွတော်လှန် ကျောင်းသားထု အားမာန်" ဆိုတဲ့ ကြွေးကြော်သံနှင့်အတူ (၆၂၂)ရက်မြောက်အဖြစ် ဆက်လ်ကချီတက် ဆန္ဒပြခဲ့တယ်လို့ သတင်းရရှိပါတယ်။

"ကလေးမြို့ပင်မသပိတ်အင်အားစုအနေဖြင့် ကလေးဒေသအတွင်းရှိ တော်လှန်သော ကျောင်းသားလူငယ်များနှင့်အတူ စစ်အာဏာရှင် အမြစ်ပြတ်ရေး၊ ပညာရေးသပိတ်တိုက်ပွဲ ဆက်လက်အားကောင်းလာစေရန် တော်လှန်ရေး သပိတ်တရား ဟောပြောမှုများ ပြုလုပ်ခဲ့ကြပါသည်။ ထိုအစီအစဉ်တွင် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး၏ အတ္ထုပ္ပတ္တိအား ကျောင်းသာလူငယ်များ ထံဝေမျှခဲ့ကြပါသည်" လို့ ကလေးမြို့ပင်မသပိတ်က ဖော်ပြပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကလေးမြို့ #လူထုသပိတ် #ကျောင်းသား #PeopleStrike

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ