ချောင်းဦး ကံကြီးကုန်း ပျူစခန်းက ပျူတွေနဲ့ တိုက်ပွဲဖြစ်ပြီး ပျူသုံးယောက် သေဟုဆို၊

ချောင်းဦး ကံကြီးကုန်း ပျူစခန်းက ပျူတွေနဲ့ တိုက်ပွဲဖြစ်ပြီး ပျူသုံးယောက် သေဟုဆို၊

MFP ၊ နိုဝင်ဘာ - ၁၂

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကံကြီးကုန်းပျူစခန်းက စစ်အုပ်စု လက်ပါးစေ ပျူတွေနှင့် ဒေသကာကွယ်ရေး တပ်တွေ ဒီမနက်ပိုင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပျုသုံးယောက် သေတယ်လို့ ချောင်းဦးဒေသကာကွယ်ရေး တပ်ဖွဲ့ - CLDF က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ နိုဝင်ဘာ(၁၂)ရက်၊ မနက်(၁၁)နာရီခွဲက Chaung U Local Defence Force (CLDF)၊ ချောင်းဦးမြို့နယ် ပ.လ.ဖ၊ မုံရွာခရိုင် အမှတ် (၁၂) တပ်ရင်း နှင့် Chaung U Revolution Army (CRA) တို့ ပူးပေါင်းပြီး နယ်မြေလုံခြုံရေး ကင်းလှည့်နေချိန် စစ်ကောင်စီ လက်ပါးစေ ပျူတွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

“ခိုးဆိုးလုယက်ရန် ခွေးကတုတ်ကျင်းမှ ထွက်လာသော ကံကြီးကုန်း ကျေးရွာမှ ပျူစောထီးများနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ကံကြီးကုန်းကျေးရွာမှ ပျူစောထီး သုံးကောင်ကို ငရဲပြည်အရောက် ပို့ဆောင် ပေးနိုင်ခဲ့ပါကြောင်းနှင့် ကျွန်ုပ်တို့ တော်လှန်ရေး ညီနောင်များအားလုံး အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါကြောင်း မိဘပြည်သူများကို ဝမ်းမြောက်ဖွယ်ရာ သတင်းစကား ပါးအပ်ပါသည်” လို့ CLDF သတင်းနှင့် ပြန်ကြားရေး က ဖော်ပြပါတယ်။

ကံကြီးကုန်းရွာ အပါအဝင် ချောင်းဦးနယ်ထဲက ကျေးရွာတွေကို စစ်အုပ်စုက စီးနင်းပြီး ဒေသခံတွေကို ပျူအဖြစ် လက်သပ်မွေးပြီး လက်နက်နဲ့ ခိုးရာပါ ပစ္စည်းတွေ ထောက်ပံ့ပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချောင်းဦး ကံကြီးကုန်းရွာက ပျူတွေကို စစ်အုပ်စုက ခိုးရာပါ ပစ္စည်းတွေ ခွဲဝေထောက်ပံ့ပေးနေစဉ်/Photo – S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #ချောင်းဦး #ကံကြီးကုန်း #ပျူ #CLDF 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ