MFP ၊ စက်တင်ဘာ - ၂၃
စစ်ကိုင်းတိုင်း မုံရွာမြို့ စက်မှုဇုန်အနီး မြို့ပတ်လမ်းမှာ မီးရှို့ပြီး ပီနံအိတ်နဲ့ ထည့်ကာ စွန့်ပစ်ထားတဲ့ အသက်(၂၀)ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးရဲ့ အလောင်း ဒီမနက်ပိုင်းမှာ တွေ့ရှိခဲ့ပြီး ဆေးရုံကို ပို့လိုက်တယ်လို့ မြန်မာနိုင်ငံ လူမှူကယ်ဆယ်ရေးအဖွဲ့ (မုံရွာမြို့နယ်ရုံး)က ဖော်ပြပါတယ်။
ဒိနေ့ စက်တင်ဘာ(၂၃)ရက် မနက်ပိုင်းက မုံရွာမြို့ပတ်လမ်းမှာ အလောင်းတစ်လောင်း တွေ့ရှိကြောင်း ဖုန်းဆက်သတင်းပို့လို့ သွားရောက် သယ်ဆောင်ပြီး အလောင်းကို ဆေးရုံပို့ပေးခဲ့တာလို့ ဆိုပါတယ်။
“မုံရွာမြို့ မြို့ပက်လမ်း စက်မှုဇုံဘက်အနီးတွင် ပီနံအိပ်တစ်လုံးထဲတွင် အလောင်းတစ်လောင်းတွေ့ရှိကြောင်း တာဝန်သိ ပြည်သူတစ်ဦးမှ ဖုန်းဆက် အကြောင်းကြားမှူအရ မြန်မာနိုင်ငံ လူမှူကယ်ဆယ်ရေးအဖွဲ့ (မုံရွာမြို့နယ်ရုံး)မှ သွားရောက်ကာ ပီနံအိပ်ထဲတွင် အသက်(၂၀)ခန့် အမျိုးသမီး တစ်ဦးအား လက်ကျိုးတုတ်ထား၊ ဓာတ်ဆီလောင်း၊ မီးရှို့ထားသော အနေအထားဖြင့် သေဆုံးလျှက် တွေ့ရှိသဖြင့် သယ်ဆောင်၍ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပါသည်” လို့ မြန်မာနိုငိငံလူမှူကယ်ဆယ်ရေးအဖွဲ့ - မုံရွာမြို့နယ် က ဖော်ပြပါတယ်။
သေဆုံးသူ အမျိုးသမီးနှင့် ပတ်သက်ပြီး အသေးစိတ် အခြေအနေတွေ မသိရသေးသလို ဘယ်သူက ဘာကြောင့် သ-တ်-ပြီး အခုလို လမ်းဘေး စွန့်ပစ်တယ်ဆိုတာလည်း မသိရသေးပါဘူး။
မုံရွာ စက်မှုဘက်မှာ စစ်အုပ်စုကို ဆက်ကြေးပြီး ဖွင့်ထားတဲ့ ကေတီဗွီနှင့် အနှိပ်ခန်းတချို့ ရှိသလို စစ်အုပ်စု ရဲစခန်းလည်း ရှိတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မုံရွာမှာ ခိုးမှု၊ လုယက်မှု၊ ဓားပြမှု၊ လူသတ်မှုတွေ ဆက်တိုက် ဖြစ်ပွားနေပြီး ဓားပြမှုတွေမှာ စစ်အုပ်စုနှင့် စစ်အုပ်စုက လက်သပ်မွေးထားတဲ့ ပျူစောထီးတွေ ပါဝင်ပတ်သက်နေတဲ့ အထောက်အထားတွေလည်း တွေ့ရှိထားပါတယ်။
တချိန်တည်းမှာပဲ စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုက နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေထဲက လူသတ်၊ လုယက်၊ ဓားပြ၊ မုဒိန်းမှု စတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်လို့ ထောင်ဒဏ်ကျခံနေရတဲ့ ရာဇဝတ် အကျဉ်းသားတွေ အားလုံးကို အသုတ်လိုက်ခွဲပြီး ထောင်က ပြန်လွှတ်ပေးခဲ့ပါတယ်။
#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #စက်မှု #မြို့ပတ်လမ်း
မုံရွာ မြို့ပတ်လမ်းမှာ မီးရှိ့ပြီး အိတ်နဲ့ထည့်ထားတဲ့ အသက်(၂၀)အရွယ် အမျိုးသမီး အလောင်း တွေ့ရှိ၊
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024