မန္တလေး စက်မှုပန်းခြံအနီး စစ်ကားကို ပဒေသာမိုင်း နှစ်လုံးနဲ့ ဖောက်ခွဲရာ ခုနှစ်ယောက် ထိဟု GZP ထုတ်ပြန် ဖောက်ခွဲခံရပေမယ့် ထိခိုက်တာ မရှိဘူးလို့ စစ်အုပ်စုက သတင်းဖြန့်၊

မန္တလေး စက်မှုပန်းခြံအနီး စစ်ကားကို ပဒေသာမိုင်း နှစ်လုံးနဲ့ ဖောက်ခွဲရာ ခုနှစ်ယောက် ထိဟု GZP ထုတ်ပြန် ဖောက်ခွဲခံရပေမယ့် ထိခိုက်တာ မရှိဘူးလို့ စစ်အုပ်စုက သတင်းဖြန့်၊

MFP ၊ စက်တင်ဘာ - ၂၂

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် စက်မှုပန်းခြံအနီး၊ ရန်ကုန် - မန္တလေးလမ်းနှင့် (၆၂)လမ်းထိပ်မှာ မနေ့က နေ့လည်ပိုင်း စစ်အုပ်စု (၁၅)ယောက်ပါတဲ့ စစ်ကားတစ်စီးကို ပဒေသာမိုင်း နှစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စကစ ခုနှစ်ယောက် ထိတယ်လို့ မန္တလေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့ - Generation Z Power - GZP Mandalay က သတင်း ထုတ်ပြန်ပါတယ်။

စက်တင်ဘာ(၂၁)ရက် နေ့လည်ပိုင်းက စက်မှုပန်းခြံအနီး စစ်ကားနဲ့ လှည့်နေတဲ့ စစ်အုပ်စုကို မိုင်းနှစ်လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ကားပေါ်ပါ စကစတေါထဲက ခုနှစ်ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရပြီး နှစ်ယောက်က ဒဏ်ရာပြင်းလို့ သေနိုင်တယ်လို့ GZP က ဆိုပါတယ်။

“ပေါက်ကွဲသံက အကျယ်ကြီးပဲ၊ တံခွန်တိုင် အဝိုင်းနားကတောင် ကြားလိုက်ရတယ်“ လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

မိုင်းပေါက်ကွဲခဲ့တာ မှန်ပေမယ့် ထိခိုက်တာ မရှိဘူးလို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

မနေ့က နေ့လည်ပိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ (၁၃၅)လမ်းနှင့် (၁၃၆)လမ်းကြား၊ (၇၈)လမ်း (ရန်-မန်း လမ်းဟောင်း)ပေါ်က လမ်းလယ်ကျွန်းမှာ PVC ပိုက်နဲ့ လုပ်ထားတဲ့ လက်လုပ်ရီမုဒ်မိုင်း နှစ်လုံးဆင့် ပေါက်ကွဲခဲ့တာလို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

မန္တလေးမြို့မှာ စစ်အုပ်စုက ဒေသခံ ပြည်သူတွေကို ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီး ငွေညှစ် သ-တ်-ဖြတ်နေသလို ဒေသကာကွယ်ရေး တပ်ဖွဲပတွေကလည်း စစ်အုပ်စုကို ရရာနည်းနဲ့ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

GZP အဖွဲ့ဟာ မန္တလေးမြို့မှာ စစ်အုပ်စုကို မကြာခဏ တိုက်ခိုက်နေပြီး စက်တင်ဘာ(၃)ရက်ကလည်း ပြည်ကြီးတံခွန်မြို့နယ်ထဲက စစ်အုပ်စုကို ဆက်ကြေးပေးပြီး ဖွင့်လှစ်လုပ်ကိုင်နေတဲ့ပ ငါးဂိမ်းဆိုင်တစ်ခုကို မဟာမိတ်အဖွဲ့နဲ့ ပူးပေါင်းပြီး ဗုံးထုတိုက်ခိုက်ခဲ့ရာ စကစ ရှစ်ယောက် ထိခိုက် ဒဏ်ရာရတယ်လို့ ထုတ်ပြန်ထား ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #စက်မှုပန်းခြံ #ပဒေသာမိုင်း #GZP

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ