စစ်ကိုင်းတိုင်းမှာ ဇူလိုင်လအတွင်း စစ်အုပ်စုက ဒေသခံ (၁၂၀)ကျော်ကို သ-တ်ပြီး ရွာ (၈၀)ခန့်ကို မီးရှို့၊ စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်ကာလအတွင်း စစ်ကိုင်းတိုင်းမှာ မီးရှို့ခံရနေအိမ် (၁၈,၀၀၀) ကျော်အထိရှိလာ

စစ်ကိုင်းတိုင်းမှာ ဇူလိုင်လအတွင်း စစ်အုပ်စုက ဒေသခံ (၁၂၀)ကျော်ကို သ-တ်ပြီး ရွာ (၈၀)ခန့်ကို မီးရှို့၊ စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်ကာလအတွင်း စစ်ကိုင်းတိုင်းမှာ မီးရှို့ခံရနေအိမ် (၁၈,၀၀၀) ကျော်အထိရှိလာ

MFP ၊ ဩဂုတ် - ၂

အာဏာသိမ်းစစ်အုပ်စုဟာ ပြီးခဲ့တဲ့ဇူလိုင်လအတွင်း စစ်ကိုင်းတိုင်းထဲက အနည်းဆုံး နေအိမ်ပေါင်း (၁,၃၉၆) လုံးနဲ့ အရပ်သားပြည်သူ (၁၂၁) ယောက်ကို မီးရှို့ဖျက်ဆီး၊ သ-တ်ဖြ-တ်ခဲ့တယ် လို့ MFP က ကောက်ယူထားတဲ့မှတ်တမ်းတွေအရ သိရပါတယ်။

မြို့နယ်ပေါင်း (၃၇) မြို့နယ်နဲ့ဖွဲ့စည်းထားတဲ့ စစ်ကိုင်းတိုင်းဟာ ဇူလိုင်လအတွင်းမှာ (၂၁)မြို့နယ်အထိ မီးရှို့ဖျက်ဆီးခံရတဲ့စာရင်း ရှိခ့ပါတယ်။ အများဆုံး မီးရှို့ဖျက်ဆီးခံရတာက ကန့်ဘလူမြို့နယ်ဖြစ်ပြီး နေအိမ်ပေါင်း (၃၀၁)လုံး ဖြစ်ပါတယ်။ အနည်းဆုံး မီးရှို့ဖျက်ဆီးခံရတဲ့မြို့နယ်ကတော့ အရာတော် ဖြစ်ပြီး နေအိမ်ပေါင်း (၃၈)လုံး ရှိပါတယ်။

May be an image of text that says "စစ်အုပ်စု က စစ်ကိုင်းတိုင်းအတွင်း မီးရှိဖျက်ဆီးခဲ့သည့် နေအိမ်များ နှင့် အရပ်သားပြည်သူ သတ်ဖြတ်မှု (၁.၇.၂၀၂၂မ အထိ) မြို့နယ် မီးရှိ့ဖျက်ဆီးခံရ မီးရှိ့ဖျက်ဆီးခံရ ကျေးရွာ စာရင်းမရသေးသည့် မီးရှိ့ဖျက်ဆီးခံ ကျား စုစုပေါင်း ကျေးရွာ အရေအတွက် စစ်အုပ်စုက သတ်ဖြတ်ခဲ့သည့် အရပ်သားပြည်သူ ကျား/မ အတည်မပြုနိုင် ၂၀။ နေအိမ် ၂၁။ မုံရွာ မော်လိုက် ယင်းမာပင် ၁ ၂၂။ J J ၂၃။ ၂၀ J ၂၄။ ၉ ရွှေဘို ရေဦး ဝက်လက် ၈ ၂၅။ ၁ ၃ ၁ ၆ ၂၆။ ၂၄၆ ၁ J ၂၇။ ၉ ၁၇၈ ဝန်းသို ဟုမ္မလင်း အင်းတော် J ၂၈။ J ၇ J ၂၉။ အရာတော် စုစုပေါင်း ၃ J ၇၆ ၃၈ ၁ ၉ **MFP ရရှိလာသည့် ၁၃၉၆ ၈၁ အခြေခံ ပြုစုထားသည့် စာရင်းများဖြစ်ပြီး မြေပြင်အခြေအနေနှင့် အနည်းငယ်ကွဲလွဲမှု ရှိနေနိုင်ပါသည်။"

စစ်ကိုင်းတိုင်းထဲမှာပဲ စစ်အုပ်စုက သ-တ်ဖြ-တ်ခဲ့တဲ့ အရပ်သားပြည်သူ (၁၂၁) ယောက် ရှိခဲ့ပြီး အမျိုးသား (၈၁) ယောက်၊ အမျိုးသမီး (၁၈) ယောက် နဲ့ ကျား/မအတည်မပြုနိုင်သူ (၂၂) ယောက် ဖြစ်ပါတယ်။

ဇူလိုင်လအတွင်း စစ်ကိုင်းတိုင်းထဲ ဖြစ်ပွါးခဲ့တဲ့ စစ်ရေးပဋိပက္ခတွေမှာ ပြည်သူ့ကာကွယ်ရေးရဲဘော် (၃၆) ဦး ကျဆုံးခဲ့ပါတယ်။

May be an image of textစစ်ကိုင်းတိုင်းအတွင်းမှာ ၂၀၂၁ ဖေဖေါ်ဝါရီလ (၁) ရက်ကနေ ၂၀၂၂ မေလ (၃၁) ရက် အထိ မီးရှို့ဖျက်ဆီးခံထားရတဲ့ နေအိမ်စုစုပေါင်း (၁၃,၈၃၇) လုံး ရှိခဲ့တယ်လို့ Data for Myanmar က ထုတ်ပြန်ထားပါတယ်။

MFP က ကောက်ယူထားတဲ့ စာရင်းတွေအရ မီးရှို့ဖျက်ဆီးခံမှု အရေအတွက်ဟာ ၂၀၂၂ ခုနှစ်၊ ဇွန်လ မှာ နေအိမ် (၂,၉၁၈) လုံး နဲ့ ဇူလိုင်လမှာ နေအိမ် (၁,၃၉၆) လုံး အထိရှိခဲ့ပါတယ်။ ဒါကြောင့် အာဏာသိမ်းကာလ စစ်ကိုင်းတိုင်းအတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် စုစုပေါင်း (၁၈,၁၅၁) လုံး ဖြစ်လာပါတယ်။

May be an image of text that says "MFI» စစ်အုပ်စု စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း Mandalay Press မီးရှိ့ ဖျက်ဆီးခဲ့သည့် နေအိမ်များ နှင့် အရပ်သားပြည်သူ သတ်ဖြတ်မှု (၁.၇.၂၀၂၂ ၃၁.၇.၂၀၂၂ အထိ) နေ့စွဲ မှတ်ချက် မီးရှိ ဖျက်ဆီးခံရ/ သတ်ဖြတ်ခံရသည့် ကျေးရွာ-ရပ်ကွက် မြောက်ကုန် ကင်မွန်းခြုံ ကင်မွန်းခြုံ ဥယျာဥ် မီးရှိ့ဖျက်ဆီး ခံရ နေအိမ် စစ်အုပ်စုက သတ်ဖြတ်ခဲ့သည့် အရပ်သားပြည်သူ ကျား ကျား/မ အတည်မပြုနိုင် မသိရသေး မီးရှိ့ လက်နက်ကြီးကျ ဇူလိုင် ဇူလိုင် ဇူလိုင်၂၂ ဇူလိုင် စုစုပေါင်း ၁ ၉ မီးရှိ့ ၅ ၁၄ ၁ ***MFP က ရရှိလာသည့် သတင်းအချက်အလက်များအပေါ် အခြေခံ ပြုစုထားသည့် စာရင်းများဖြစ်ပြီး မြေပြင်အခြေအနေနှင့် အနည်းငယ်ကွဲလွဲမှု ရှိနေနိုင်ပါသည်။"ဒါဟာ MFP အနေနဲ့ ရရှိလာတဲ့ သတင်းအချက်အလက်တွေအပေါ် အခြေပြုကောက်ယူထားခြင်းသာ ဖြစ်ပြီး မြေပြင်အခြေအနေနဲ့ ကွဲလွဲမှုရှိနိုင်ပါတယ်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်း စစ်ကိုင်းတိုင်းမှာ စစ်အုပ်စုရဲ့ မီးရှို့ဖျက်ဆီးခံရမှုအခြေအနေတွေကို မြို့နယ်တစ်ခုချင်းစီအလိုက် ဆက်လက်ဖေါ်ပြပေးသွားမှာဖြစ်ပြီး အသေးစိတ် ကြည့်ရှုနိုင်ကြမှာ ဖြစ်ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #နေအိမ်မီးရှို့ #မီးရှို့ဖျက်ဆီး #စစ်အုပ်စု

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ