MFP ၊ အောက်တိုဘာ - ၂၈
ကချင်ပြည်နယ် ဖားကန့် အနန့်ပါဒေသ ဂီတပွဲကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကျဲလို့ ထိခိုက်သေဆုံးခဲ့သူတွေ အပါအဝင် နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ တစ်နိုင်ငံလုံး မီးပိတ်သပိတ် ဆင်နွှဲနေချိန် မန္တလေးမြို့မှာ စစ်အုပ်စုက နေရာအနှံ့ သေနတ်ပစ်ဖောက်ပြီး အော်ဟစ်သောင်းကျန်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မီးပိတ်သပိတ်ကို ဒီနေ့ အောက်တိုဘာ (၂၈) ရက် ည (၈) နာရီခွဲကနေ (၈) နာရီ (၄၀) မိနစ်အထိ (၁၀)မိနစ်ကြာ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
“ သပိတ်လုပ်မယ့် အချိန်မတိုင်ခင် ကတည်းက မြို့ထဲက နေရာအနှံ့မှာ စစ်ခွေးတွေက နေရာယူထားကြတယ်၊ အထူးသဖြင့် စိန်ပန်းတို့ မြို့သစ်တို့ ဘက်တွေ၊ နောက်ပြီး ကျုံးပတ်လည်မှာလည်း ကင်းပုန်းတွေ ချတယ်၊ သူတို့ ကားတွေနဲ့လည်း လှည့်နေတာ တွေ့ရတယ် “ လို့ မြို့ခံတစ်ယောက်က ပြောပါတယ်။
မန္တလေးမြို့ နေရာအချို့မှာ ဒီနေ့ညနေ (၄)နာရီခန့်ကစပြီး လျှပ်စစ်မီးတွေ ပြတ်တောက်နေကာ မီးပိတ်သပိတ် မပြုလုပ်ခင် (၇) နာရီခွဲခန့်ကျမှ မီးပြန်ပေးခဲ့တယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်။
မီးပိတ်သပိတ်ကို မန္တလေးမြို့က ပါဝင်သူ ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
မီးပိတ်သပိတ် ဆင်နွှဲနေချိန် မန္တလေး ကျုံးအရှေ့ဘက် (၆၂) လမ်းပေါ်က နိုင်ငံခြားဘာသာတက္ကသိုလ်အနီး၊ မြို့ပတ်လမ်းနဲ့ လမ်း (၃၀) အနီး၊ သိပ္ပံလမ်းအနီး၊ စိန်ပန်းရပ်ကွက်နဲ့ မြို့အဝင် တံခွန်တိုင်အဝိုင်းပတ်အနီးတို့ အပါအဝင် နေရာတော်တော်များများမှာ သေနတ်ပစ်ဖောက်သံတွေ ကြားခဲ့ရတယ်လို့ မန္တလေးမြို့ခံတွေက ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုက ရပ်ကွက်တချို့ကို မီးပိတ်သပိတ် ပြုလုပ်တယ်ဆိုပြီး စီးနင်းဝင်မွှေ သောင်းကျန်းနေတယ်လို့ မြို့ခံတချို့က ဆိုပေမယ့် ဘယ်ရပ်ကွက်တွေ ဝင်မွှေခံရတယ်ဆိုတာနဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
မီးပိတ်သပိတ်မှာ ပါဝင်တဲ့အိမ်တွေကို မီတာပုံးဖြုတ်သိမ်းပြီး လူကိုပါ ဖမ်းဆီးမယ်လို့ စစ်အုပ်စုက ခြိမ်းခြောက်ထားပါတယ်။
စစ်အုပ်စုက ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီး သတ်ဖြတ် အကြမ်းဖက် ဖိနှိပ်နေတဲ့ကြားက ဒီညနေပိုင်း မန္တလေးမှာ ညသပိတ် ဆင်နွှဲခဲ့စဉ်/Photo - Simple Light
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မီးပိတ်သပိတ်
မန္တလေးမှာ မီးပိတ်သပိတ် ပြုလုပ်ချိန် စစ်အုပ်စုက မြို့အနှံ့ သေနတ်ပစ်ဖောက်၊ အော်ဟစ်သောင်းကျန်း၊ ရပ်ကွက်တွေကို မီးဖြတ်ထားပြီး မီးပိတ်သပိတ် လုပ်ချိန်မှ မီးပြန်ပေး၊
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024