ပထမအကြိမ် ထွက်ပြေးလွတ်မြောက်သွားတဲ့ မတ္တရာက စကစ သတင်းပေး ရာအိမ်မှူးကို ထပ်မံရှင်းလင်း၊

ပထမအကြိမ် ထွက်ပြေးလွတ်မြောက်သွားတဲ့ မတ္တရာက စကစ သတင်းပေး ရာအိမ်မှူးကို ထပ်မံရှင်းလင်း၊

MFP ၊ အောက်တိုဘာ - ၁၅

မန္တလေးတိုင်း မတ္တရာမြို့နယ် ရွှေဘောင်ကျေးရွာက စစ်အုပ်စု သတင်းပေးအဖြစ် လုပ်နေတဲ့ ရာအိမ်မှူး ဗိုလ်မြင့်ကို အောက်တိုဘာ (၁၃) ရက် မနက်ပိုင်းက နေအိမ်မှာ ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့(RDDF)က သတင်း ထုတ်ပြန်ပါတယ်။

ဗိုလ်မြင့်ဟာ စကစ သတင်းပေးအပြင် မူးယစ်ဆေးပါ ရောင်းနေသူ ဖြစ်ပြီး မနက် (၅) နာရီအချိန် နေအိမ်ထဲမှာပဲ ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ (၁၇) ရက် ညပိုင်းက ဗိုလ်မြင့်နဲ့ သားဖြစ်သူကို ဝင်ရောက်ရှင်းလင်းစဉ် ရာအိမ်မှူးရဲ့ မိန်းမ၊ ကလေးငယ်နဲ့ သမီးဖြစ်သူ ကိုယ်ဝန်ဆောင်တို့က တားဆီးတာကြောင့် မိသားစု အသက်ကိုငဲ့လိုက်တဲ့အတွက် ဗိုလ်မြင့်က ထွက်ပြေးလွတ်မြောက် သွားပြီး သားဖြစ်သူကိုတော့ ရှင်းလင်းလိုက်နိုင်တယ်လို့ RDDF က ထုတ်ပြန်ထားပါတယ်။

မတ္တရာနယ်ထဲ စစ်အုပ်စုက ဒေသခံ ပြည်သူတွေကို ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီး သ-တ်-ဖြတ်နေသလို စစ်အုပ်စုနှင့် ဆက်နွှယ်သူတွေလည်း ပစ်မှတ်ထား တိုက်ခိုက်ခံနေရတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မတ္တရာ #ရာအိမ်မှူး #စစ်အုပ်စုသတင်းပေး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ