ဗိုလ်အောင်မြေ အပါအဝင် ကျဆုံးခဲ့တဲ့ မန္တလေး UG တွေအတွက် ရည်စူးကုသိုလ်ပြု

ဗိုလ်အောင်မြေ အပါအဝင် ကျဆုံးခဲ့တဲ့ မန္တလေး UG တွေအတွက် ရည်စူးကုသိုလ်ပြု

MFP ၊ ဩဂုတ် - ၁၉

စစ်အုပ်စုရဲ့ ဖမ်းဆီးသ-တ်ဖြ-တ်ခံလိုက်ရတဲ့ Myanmar Return Ranger Force - MRRF အဖွဲ့ခေါင်းဆောင် ဗိုလ်အောင်မြေနဲ့ အခြား UG တွေအတွက် ရည်စူးပြီး ကုသိုလ်ပြုလုပ်ပေးခဲ့ကြတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ (၁)ရက်နေ့က မန္တလေးမြောက်ပြင် ၈၆ လမ်းနဲ့ ၈ လမ်းအနီးက နေအိမ်တစ်လုံးမှာ စစ်အုပ်စုရဲ့ အင်အားသုံး စီးနင်းဖမ်းဆီးခံလိုက်ရတဲ့ ဗိုလ်အောင်မြေနဲ့ အခြား မြို့ပြပြောက်ကျားအဖွဲ့ဝင်အချို့ကို နောက်တစ်နေ့မှာ စစ်အုပ်စုက သ-တ်ဖြ-တ်ခဲ့ပြီး လမ်းဘေးမှာ အလောင်းတွေ စွန့်ပစ်ပြခဲ့ပါတယ်။

ဗိုလ်အောင်မြေဟာ ကျဆုံးချိန်မှာ အသက် (၃၀)ကျော်အရွယ်ရှိပြီဖြစ်ပြီး ဇနီးနဲ့ လေးနှစ်အရွယ် သားတစ်ဦး ကျန်ရစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ လက်ရှိမှာတော့ ကျန်ရစ်သူမိသားစုကို ဘေးကင်းရာ ပို့ဆောင်ထားတယ်လို့လည်း ဆိုပါတယ်။

May be an image of 3 people, people sitting and people standing

ဩဂုတ်လအတွင်းမှာ ဗိုလ်အောင်မြေအပါအဝင် မန္တလေးမြို့ပေါ်က စစ်အာဏာရှင်ကို တိုက်ခိုက်နေတဲ့ ပြောက်ကျားတပ်ဖွဲ့ အနည်းဆုံး (၄)ဖွဲ့က ရဲဘော်အယောက် (၄၀)ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး (၁၀)ဦးထက်မနည်း သ-တ်ဖြ-တ်ခံထားရတယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

May be an image of 5 people and people sitting

ဓာတ်ပုံ ၊ CJ

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြို့ပြပြောက်ကျား #UG #ဗိုလ်အောင်​မြေ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ