MFP ၊ စက်တင်ဘာ - ၅
မန္တလေးတိုင်း မတ္တရာမြို့နယ် ရေနံ့သာကျေးရွာက ပျူအဖွဲ့ဝင် မိုးလွင် ဆိုသူကို စက်တင်ဘာ(၃)ရက် ညဦးပိုင်းက ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ မတ္တရာမြို့နယ် ကောင်းကင် တော်လှန်ရေး အင်အားစုက သတင်း ထုတ်ပြန်ပါတယ်။
ပျူအဖွဲ့ဝင် မိုးလွင်ဟာ ရေနံသာကျေးရွာအုပ်စု ပျုခေါင်းဆောင် ကျော်ဇင်ရဲ့ လက်ထောက်ဖြစ်ပြီး မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ စခန်း စီးနင်းခံရမှုမှာ သတင်းပေးခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။
“ပျုခေါင်းဆောင်မှန်း သိတာ ကြာပါပြီ။ သေချာအောင် စုံစမ်းနေတာပါ။ ဇွန်(၃)ရက်နေ့ မတ္တရာ ပကဖစခန်း စကစ မှ ဝင်ရောက်စီးနင်းဖို့ သတင်းပေးခဲ့သူပါ။ မတ္တရာမြို့ နယ်အတွင်းမှ ပျုများ စာရင်းလည်း ရရှိထားပါတယ်။ စကစ သတင်းပေး၊ ဒလန် နှင့် ပျု များ ဆက်လက်လုပ်ဆောင်နေပါက သု-တ်-သ-င်ရှင်းလင်း သွားပါမည်” လို့ မတ္တရာမြို့နယ် ကောင်းကင် တော်လှန်ရေး အင်အားစုက ဖော်ပြပါတယ်။
မတ္တရာနယ်ထဲ စစ်အုပ်စုက ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်းပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီး သ-တ်-ဖြတ် နေသလို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကလည်း စစ်အုပ်စုနှင့် ဆက်စပ်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
မတ္တရာမြို့နယ် ရေနံ့သာရွာ ပျူတစ်ယောက်ကို တွေ့ရစဉ်/Photo - ကောင်းကင်
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မတ္တရာ #ရေနံ့သာရွာ #ကောင်းကင်
မတ္တရာနယ် ရေနံ့သာရွာက ပျူအဖွဲ့ဝင် တစ်ယောက်ကို ပစ်ခတ်ရှင်းလင်း၊
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024