PDF တောင်သာ က ပေ(၇၀၀)အထိ ပစ်ခတ်နိုင်တဲ့ ကျည်ဘောက်ပါ သေနတ်တွေ ထုတ်လုပ်အောင်မြင်၊ လိုအပ်တဲ့ ရပ်ရွာ ကာကွယ်ရေးအဖွဲ့တွေ People Defence Force တောင်သာထံ ဆက်သွယ်နိုင်ဟုဆို၊

PDF တောင်သာ က ပေ(၇၀၀)အထိ ပစ်ခတ်နိုင်တဲ့ ကျည်ဘောက်ပါ သေနတ်တွေ ထုတ်လုပ်အောင်မြင်၊ လိုအပ်တဲ့ ရပ်ရွာ ကာကွယ်ရေးအဖွဲ့တွေ People Defence Force တောင်သာထံ ဆက်သွယ်နိုင်ဟုဆို၊

MFP ၊ စက်တင်ဘာ - ၁၇

People Defence Force တောင်သာ တပ်ဖွဲ့က ပေ(၇၀၀)အထိ ပစ်ခတ်နိုင်တဲ့ ကျည်ဘောက်ပါ လက်လုပ် သေနတ်တွေ ထုတ်လုပ် အောင်မြင်ထားပြီး လက်နက်လိုအပ်နေတဲ့ ရပ်ရွာ ကာကွယ်ရေး အဖွဲ့တွေ ဆက်သွယ်နိုင်တယ်လို့ ထုတ်ပြန်ပါတယ်။

PDF တောင်သာက ထုတ်လုပ်ထားတဲ့ လက်နက်တွေဟာ (၇.၆၂) ကျည်သုံး ဘောက်ထိုး သေနတ်တွေ ဖြစ်ပြီး ပေ(၇၀၀)အထိ ပစ်ခတ်နိုင်ကာ Shot-Gun တွေထက် ပိုမို ထိရောက်တယ်လို့ ဆိုပါတယ်။

“ကျေးရွာကာကွယ်ရေး အတွက် အဓိက လိုအပ်သော လက်လုပ် သေနတ်များကို ကျွန်တော်တို့ PDF တောင်သာ အဖွဲ့မှ စမ်းသပ် ထုတ်လုပ်ကြည့်ရာ (AK-47) ကျည်ဖြစ်သော (၇.၆၂) ကျည်ဖြင့် ပစ်ခတ်ရသော ကျည် ဘောက်ပါ လက်လုပ်သေနတ်များကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သည်။ ၎င်းသေနတ်များသည် ပေ(၆၀၀)၊ (၇၀၀)အထိ ပစ်မှတ်များကို မှန်အောင် ပစ်ခတ်နိုင်ပါသည်။ ထိုအတွက်ကြောင့် ကျေးရွာ ကာကွယ်ရေး ပြုလုပ်လိုသော အဖွဲ့များထံသို့ ဖြန့်ဝေပေးသွားမည် ဖြစ်ပါသည်။ ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းလိုသော ကျေးရွာများ ဆက်သွယ် နိုင်ပါတယ်” လို့ PDF တောင်သာ က ဖော်ပြပါတယ်။

စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးအင်အားစုတွေက နယ်မြေစိုးမိုးထားနိုင်မှုဟာ ကျေးရွာ ကာကွယ်ရေး အဖွဲပတွေ ပေါ်ပေါက်လာမှုကြောင့် ဖြစ်ပြီး တောင်သာနယ်မမှာလည်း ကျေးရွာ ကာကွယ်ရေး အဖွဲ့တွေ ပေါ်ပေါက်လာစေလိုတယ်လို့ ဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တောင်သာ #PDFတောင်သာ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ