လက်လုပ် စနိုက်ပါသေနတ် ထုတ်လုပ်နိုင်ပြီလို့ ယင်းမာပင် ဆရာစံ PDF ကြေညာ၊

လက်လုပ် စနိုက်ပါသေနတ် ထုတ်လုပ်နိုင်ပြီလို့ ယင်းမာပင် ဆရာစံ PDF ကြေညာ၊

MFP ၊ သြဂုတ် - ၃

စစ်ကိုင်းတိုင်း ယင်းမာပင်နယ် အခြေပြု ဆရာစံ PDF တပ်ဖွဲ့က လက်လုပ် စနိုက်ပါသေနတ် တီထွင် ထုတ်လုပ်နိုင်ပြီလို့ ဒိနေ့ သြဂုတ်(၃)ရက်မှာ ထုတ်ပြန် ကြေညာပါတယ်။

“ဆရာစံ PDF မှာ အောင်မြင်စ္စာ ထုတ်လုပ်ထားနိုင်ပြီဖြစ်တဲ့ လက်လုပ် sniper ။ ကိုယ်ပိုင်ထုတ်လုပ်ရေးနဲ့ အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ပြီး ကလေးတွေအတွက် အဆင်ပြေအောင် လုပ်ဆောင်ပေးနေပါတယ်။ မည်သူတွေ မည်သို့ဆိုစေကာမူ အတတ်နိုင်ဆုံးတော့ အဖွဲ့ဝင်ရဲဘော်တွေ၊ ပြည်သူတွေ၊ နောင်လာမည့် ကလေးတွေရဲ့ အနာဂါတ်အတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးသွားပါမည်” လို့ ဆရာစံ ပြည်သူ့ကာကွယ်ရေးတပ်က ဖော်ပြပါတယ်။

No photo description available.

ဆရာစံ ပြည်သူ့ကာကွယ်ရေးတပ် အနေနဲ့ လက်လုပ် (40mm) (၄၀မမ) နဲ့ india shotgun ပုံစံ (၅.၅၆)ကျည်သုံး လက်လုပ် သေနတ်တွေကိုလည်း အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီလို့ ကြေညာထားပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ယင်းမာပင် #ဆရာစံ #PDF #လက်လုပ် #သေနတ် #စနိုက်ပါ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ