ဒီပဲယင်း PDF က တပ်ဖွဲ့ဝင် ရဲဘော်တွေရဲ့ နွမ်းပါးမိသားစုတွေကို လစဉ် ရိက္ခာထောက်ပံ့၊

ဒီပဲယင်း PDF က တပ်ဖွဲ့ဝင် ရဲဘော်တွေရဲ့ နွမ်းပါးမိသားစုတွေကို လစဉ် ရိက္ခာထောက်ပံ့၊

MFP ၊ အောက်တိုဘာ - ၇

တပ်ဖွဲ့ဝင် ရဲဘော်တွေရဲ့ နွမ်းပါးတဲ့ မိသားစုတချို့ကို လစဉ် စားနပ်ရိက္ခာ ထောက်ပံ့ပေးနေတယ်လို့ စစ်ကိုင်းတိုင်း ဒီပဲယင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - ရွှေဘိုခရိုင် တပ်ရင်း (၁၉)က သတင်း ထုတ်ပြန်ပါတယ်။

မိသားစု စီးပွားရေးကို မငဲ့ကွက်ဘဲ နွေဦးတေ်လှန်ရေးမှာ ပါဝင်နေကြတဲ့ နွမ်းပါးတဲ့ တပ်ဖွဲ့ဝင် ရဲဘော်တွေရဲ့ မိသားစုတွေကို တပ်ရင်းက တပ်မှူးတွေကိုယ်တိုင် စိစစ်ပြီး မိသားစုတွေ စားဝတ်နေရေး အဆင်ပြေစေဖို့ လစဉ် ထောက်ပံ့ပေးတာလို့ ဆိုပါတယ်။

“ရဲဘော်များသည် နိုင်ငံရေးအခြေအနေ၊ စစ်ရေးလိုအပ်ချက်၊ အဓမ္မ စိုးမိုးမှုတို့အား ငြိမ်လျှက်မခံ လက်တုံ့ပြန် တွန်းလှန် ကာကွယ်ရန်အတွက် ဆန္ဒအလျောက် ဝင်ရောက်လာကြသော ပြည်သူ့ကာကွယ်ရေး တပ်မတော်သားများ ဖြစ်ကြပြီး မိသားစု၏ စီးပွားရေး အခြေအနေကို မငဲ့ကွက်ဘဲ ရှည်ကြာသော တော်လှန်ရေး ကာလတလျှောက် ရဲဝံ့စွာ ပါဝင်ခဲ့ကြသူများ ဖြစ်ကြသည်။ ယခုအခါ ရံပုံငွေ နည်းပါးသောကာလ ဖြစ်သော်လည်း တပ်ရင်းမှ တပ်မှူးများ ကိုယ်တိုင် စီစစ်၍ နွမ်းပါး ရဲဘော်များ၏ မိသားစု ဝင်းများကို ထောက်ပံ့ ပေးလျှက်ရှိသည်။ ဤသို့ ထောက်ပံ့မှုများအား လစဉ် ပြုလုပ်ဦးမည် ဖြစ်ပြီး ထောက်ပံ့ပေးအပ်ရမည့် ကိန်းဂဏန်း ပမာဏများ လစဉ် တိုးလာဦးမည်ဟု ခန့်မှန်း ရရှိထားပါသည်။ မိဘပြည်သူများ အနေဖြင့်လည်း ပြည်သူ့ကာကွယ်ရေး တပ်မတော်သားများအား ကူညီထောက်ပံ့မှုများ စဉ်ဆက်မပြတ် ပြုလုပ်ကြပါရန် မကြာတော့သော ရောင်နီဦးကို မျှော်မှန်းလျှက် နှိုးဆော် တိုက်တွန်းအပ်ပါသည်” လို့ ဒီပဲယင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - ရွှေဘိုခရိုင် တပ်ရင်း (၁၉)က ဖော်ပြပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဒီပဲယင်း #ရွှေဘို #PDF #မိသားစု #ထောက်ပံ့

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ