ပခုက္ကူမှာ စစ်တပ်ဂိတ်အနီး နေထိုင်တဲ့ ဗိုလ်မှူးတစ်ယောက်ကို PDF က အိမ်ထဲဝင် ဖမ်းဆီးပြီး ပစ်ခတ်ရှင်းလင်း၊

ပခုက္ကူမှာ စစ်တပ်ဂိတ်အနီး နေထိုင်တဲ့ ဗိုလ်မှူးတစ်ယောက်ကို PDF က အိမ်ထဲဝင် ဖမ်းဆီးပြီး ပစ်ခတ်ရှင်းလင်း၊

MFP ၊ စက်တင်ဘာ - ၂၀

မကွေးတိုင်း ပခုက္ကူမြို့၊ အနောက်ခြောက်ကန်ရွာက စစ်တပ်ဂိတ်အနီးမှာ နေထိုင်တဲ့ စစ်ကောင်စီ သစ္စာခံ ဗိုလ်မှူး အောင်ထွန်း ဆိုသူကို နေအိမ်ထဲ စီးနင်းဝင်ရောက် ဖမ်းဆီးခဲ့ပြီးနောက် ပြန်လည် ခုခံလို့ ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ Earthquake People's Defence Force အဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ စက်တင်ဘာ(၂၀)ရက်မှာ စစ်ကောင်စီ သစ္စာခံ ဗိုလ်မှူးအောင်ထွန်းကို သူ့ရဲ့ နေအိမ် အနောက်ခြောက်ကန်ရွာမှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

“လားရှိုးမြို့ကနေ နေရပ် အနောက်ခြောက်ကန် ကျေးရွာကို ပြန်လာသည့် အကြမ်းဖက် စစ်ကောင်စီတပ်က ဗိုလ်မှူးကို နေအိမ်တွင် အရှင်ဖမ်းဆီး ရမိသော်လည်း ပြန်လည် ခုခံသောကြောင့် ပစ်ခတ် ဖမ်းဆီးခဲ့ရပါသည်။ လက်နက်ပါ ရနိင်သော်လည်း စစ်တပ်ဂိတ်နှင့် နီးကပ်သောကြောင့် အိမ်အတွင်း ရှာချိန်မရဘဲ ပစ်ခတ်ရှင်းလင်းပြီး ထွက်ခွာခဲ့ရပါသည်” လို့ Earthquake People's Defence Force က ဖော်ပြပါတယ်။

လက်နက်မရပေမယ့် စာရွက်စာတမ်းတချို့ သိမ်းဆည်း ရရှိခဲ့ကြောင်းနှင့် စစ်ကောင်စီနှင့် ပတ်သက်သူတွေကို အရှိန်မြှင့်ပြီး ဆက်လက် အရေးယူ အမြတ်ဖြတ်မယ်လို့ Earthquake People's Defence Force က ဆိုပါတယ်။

“စအဖ၊ တခြား ရဲမှတ်တမ်း၊ ပခုက္ကူမြို့နယ် တရားရုံးနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းနှင့် အခြား အရေးကြီးတဲ့ စာရွက်စာတမ်းတွေနဲ့အတူ ဒရုန်းတစ်ခု၊ Equipment တစ်စုံနှင့်အတူ ဖမ်းဆီး ရမိခဲ့ပါသည်။ ထိုအရေးကြီးသော စာရွက်စာတမ်းများအရ ရှေ့ဆက်ပြီး ထပ်မံ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်သူလူထုအား သတင်းကောင်း ပါးအပ်ပါသည်” လို့ Earthquake People's Defence Force က ဖော်ပြပါတယ်။

ပခုက္ကူနယ်မှာ စစ်အုပ်စုက ဒေသခံ ပြည်သူတွေကို ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီး သ-တ်-ဖြတ်နေပြီး စစ်အုပ်စုနှင့် ဆက်နွှယ်သူတွေလည်း ပစ်မှတ်ထား တိုက်ခိုက်ခံနေရတာ ဖြဟ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ပခုက္ကူ #ဗိုလ်မှူး 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ