မြောင်မှာ ရွာစဉ်ပတ်မွှေ မီးရှို့နေတဲ့ စစ်အုပ်စု အချင်းချင်း လေယာဉ်နဲ့မှားပစ်လို့ စကစ(၅၀)ကျော် သေဟုဆို၊

မြောင်မှာ ရွာစဉ်ပတ်မွှေ မီးရှို့နေတဲ့ စစ်အုပ်စု အချင်းချင်း လေယာဉ်နဲ့မှားပစ်လို့ စကစ(၅၀)ကျော် သေဟုဆို၊

MFP ၊ နိုဝင်ဘာ - ၁၃

စစ်ကိုင်းတိုင်း မြောင်နယ်နှင့် မကွေးတိုင်း ရေစကြိုနယ် ရေလည်ကျွန်းဒေသက ကျေးရွာတွေထဲ ရွာစဉ်ပတ်မွှေ လုယက်၊ အိမ်မီးရှို့နေတဲ့ စစ်အုပ်စုတွေ ဒီမနက်ပိုင်း ဒေသကာကွယ်ရေး တပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပြီးနောက် ရဟတ်ယာဉ်တွေနဲ့ လေကြောင်းပစ်ကူပေးရာမှာ အချင်းချင်း မှားပစ်လို့ စကစ (၅၀)ကျော် သေတယ်လို့ မြောင်ဒေသခံတွေက ဆိုပါတယ်။

အရပ်ဝတ်နဲ့ စစ်အုပ်စုကို PDF ထင်ပြီး လေယာဉ်နဲ့ ဗုံးကြဲလို့ ခွေး (၆၉)ကောင် ငရဲရောက်တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ - CDSOM က ကိုနွေဦးက ဆိုပါတယ်။

ဒီနေ့ နိုဝင်ဘာ(၁၃)ရက် မနက်ပိုင်းမှာ စစ်အုပ်စုက မြောင်နယ် ရွှေလှံရွာထဲ လုယက် ဓားပြတိုက် မီးရှို့နေချိန် ဒေသကာကွယ်ရေး တပ်တွေနဲ့ တိုက်ပွဲဖြစ်ပွာပြီးနောက် မုံရွာ နမခ ခွေးခြံက (Mi-35) စစ်ရဟတ်ယာဉ်နဲ့ လေကြောင်း ပစ်ကူပေးရာမှာ အချင်းချင်း မှားပစ်တာလို့ မြောင် ပြည်သူ့တပ်မတော် - MUA က ကိုတိုက်ဂါးက ဆိုပါတယ်။

“မအလ အကြမ်းဘက် စခ တွေ မြောင်နယ်၊ ရေစကြိုနယ်ရွာများက ပြည်သူတွေ အိုးမဲ့ အိမ်မဲ့ ဖြစ်အောင် မီးရှို့နေသည့် စခ စစ်ကြောင်းကို သည်မနက် (၆:၁၀)အချိန် မြောင်နယ်နှင့် ရေစကြိုနယ်စပ်ကြား PDF ပြောက်ကျားတပ်ဖွဲ့နှင့် ထိတွေ့ရာကနေ မုံရွာ နမခ က (Mi-35) ဖြင့် (၉:၁၀)am လာပစ်ခက်ရာ PDFတွေ ဘေးကင်းပြီး အရပ်ဝတ် စခတွေကို (Mi-35) လေယာဉ်ပေါ်ကနေ ဗုံးများ ဆက်တိုက် ကျဲ ပစ်ခတ်ခဲ့သည်။ ကုန်းကြောင်းစခ တွေကို PDF ဆိုပြီး ဗုံးသီးများ မှားကျဲရာ မြေပြင် စခ (၅၀)လောက် မျိုးပြုတ်သွားတယ်ဟု လေယာဉ် ပစ်ခက်မှု ဖြစ်ပွားသည့် အနီးရွာက ပြောကြားလာပါသည်။ ဗုံးမှားကျဲ ပစ်ခတ်ရမလားဟု ဆဲဆိုသံတွေ နှင့် မုံရွာ နမခ ကို စခ အချင်းချင်း ပြန်တိုက်မယ် ကြိမ်းဝါး သံတွေပါ ကြားရသည်ဟု ဒေသခံ ပြည်သူတွေက ပြောပါသည်” လို့ မြောင် (MUA) က ကိုတိုက်ဂါးက ဆိုပါတယ်။

မြောင် ရွှေလှံရွာကို ဓားပြတိုက် လုယက် မီးရှို့နေတဲ့ စစ်အုပ်စုနဲ့ ဒေသကာကွယ်ရေး တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မြစ်ဆုံ၊ မင်းလှ၊ ဇရပ်နီ၊ မီးလောင်ကျွန်း စတဲ့ ကျေးရွာတွေဘက်ကို စစ်အုပ်စုက (MI-35) တိုက်လေယာဉ်နဲ့ ပစ်ခတ် ဗုံးကျဲ ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

“နမခ မှ (MI-35) လေယဥ်တစ်စီးဟာ မြောင်နယ်နှင့် ရေစကြိုနယ်အစပ် နေရာများကို ဗုံး(၂၅)လုံးခန့် တစ်နာရီခွဲကြာ ကျဲချရာ မြောင်နယ် ကျေးရွာ ခုနှစ်ရွာ နှင့် ရေစကြိုနယ် ကျေးရွာ လေးရွာတို့ကို မီးရှို့ပြီး ပြန်ထွက်လာသော စစ်ကြောင်းပေါ် မှားကျဲချလိုက်သဖြင့် ခွေးကောင်ရေ (၆၉)ကောင် ငရဲသို့ အချင်းချင်း ပို့ဆောင်ပေးလိုက်ကြပါတယ်။ အလောင်းများသယ်ရန်အတွက် ရေစကြိုမှ အင်အား (၃၀)လာကာ သယ်နေကြပြီး မနေ့က ပရိမ္မကို မီးရှို့သော စစ်ကြောင်းမှလည်း ကူရန်သွားနေရပါတယ်” လို့ CDSOM က ကိုနွေဦးက ဆိုပါတယ်။

လက်ရှိမှာ မှားပစ်ခဲရတဲ့ စစ်အုပ်စုက ရေစကြိုဘက် ပြန်ခေါက်နေပြီး ပရိမ္မရွာကို မီးရှို့တဲ့ စစ်အုပ်စုကလည်း မြောင်နယ် မြစ်သာရွာ၊ သုခဒီပ ရွာလမ်းတွေက ရေစကြိုနယ် ရွာသစ်ရွာလမ်းမှ ဆင်ခြေယာ ဆိပ်ကမ်းသို့ ဦးတည်နေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ နိုဝင်ဘာ(၆)ရက်ကတည်းက အင်အား(၃၀၀)ကျော်နဲ့ အဖွဲ့တွေခွဲကာ မြောင်နယ်နှင့် ရေစကြိုနယ် ရေလည်ကျွန်းဒေသက ရွာတွေထဲ လုယက် ဓားပြတိုက် မီးရှို့နေတာ ဖြစ်ပြီး ဒီမနက်ပိုင်းအထိ မြောင်မြို့နယ်နှင့် ရေလည်ကျွန်းဒေသက နနွင်းကိုင်း၊ ဆင်ခြေယာ၊ မာကလာခြံ၊ မြေစွန်းတော်၊ ရွှေတချောင်း၊ ဆူးလေကုန်း၊ သုခဒီပ ခေါ် သူဌေးကုန်း၊ မြစ်သာ၊ ဆင်လှောင်၊ မြစ်ဆုံ၊ ပရိမ္မ၊ ရွှေလှံ စတဲ့ ကျေးရွာ (၁၀)ရွာထက်မနည်း မီးလောင်ပြာကျခဲ့ပြီး ဖြစ်ပါတယ်။

မြောင်နယ်ထဲက စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ ဗုံးကြဲနေစဉ်နှင့် စစ်အုပ်စုက လုယက်ဓားပြတိုက် ရွာမီးရှို့လို့ ထွက်ပြေးနေရတဲ့ ပြည်သူတွေ/Photo – CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #မြောင် #ရေစကြို #ရေလည်ကျွန်း #ရွာ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ