ကသာမှာ မိုင်းဆွဲမခံရအောင် မြစ်ကမ်းဘေးက သွားတဲ့ စကစတွေ ကမ်းပြိုပြီး သေ၊ မိုးတားတိုက်နယ်မှာ ငါးရက်ဆက် တိုက်ပွဲ ဖြစ်ပြီး စကစ (၂၀)ခန့် သေဟုဆို၊

ကသာမှာ မိုင်းဆွဲမခံရအောင် မြစ်ကမ်းဘေးက သွားတဲ့ စကစတွေ ကမ်းပြိုပြီး သေ၊ မိုးတားတိုက်နယ်မှာ ငါးရက်ဆက် တိုက်ပွဲ ဖြစ်ပြီး စကစ (၂၀)ခန့် သေဟုဆို၊

MFP ၊ စက်တင်ဘာ - ၁၆

စစ်ကိုင်းတိုင်း ကသာမြို့နယ်ထဲ ရွာစဉ်ပတ်မွှေနေတဲ့ စကစတွေ မိုင်းဆွဲတိုက်ခိုက်ခံရမှာ ကြောက်လန့်ပြီး မြစ်ကမ်းဘေးကနေ သွားလာရာက ကမ်းပြိုကျလို့ ဧရာဝတီမြစ်ထဲ မျောပါ သေဆုံးနေတဲ့ စကစ အလောင်း တစ်လောင်းကို ဒီနေ့ တွေ့ရှိခဲ့ရတယ်လို့ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က သတင်းထုတ်ပြန်ပါတယ်။

“စကစ အုပ်စုသည် မိုးတားလေး မှ ကသာမြို့သို့ ဦးတည် အပြန်စစ်ကြောင်း ထိုးလာခဲ့ရာ ကာကွယ်ရေး အဖွဲ့များ၏ မိူင်းကွင်းများကို ကွင်းသည့် အနေဖြင့် ကမ်းပါးယံ အတိုင်း လာကြရာ ကမ်းပါးပြိုကျ၍ ရေနစ် သေဆုံးခဲ့သည့် စခ တစ်ကောင်ကို ယခု ရရှိထားပါသည်။ ပုပ်ပွ၍ ပေါ်လာခြင်းဖြစ်ပါသည်” လို့ ကသာ ပကဖ က ဖော်ပြပါတယ်။

ကသာနယ် အထက်ပိုင်း မိုးတားတိုက်နယ်ထဲ ရွာစဉ်ပတ်မွှေ လုယက်သောင်းကျန်းနေတဲ့ စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်တွေ စက်တင်ဘာ(၁၂)ရက်ကနေ ဒီနေ့အထိ ငါးရက်အတွင်း တိုက်ပွဲ ငါးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ရာမှာလည်း စကစ (၂၀)လောက် သေတယ်လို့ ကသာ ပကဖ က ဆိုပါတယ်။

“ကသာမြို့ အထက်ဘက် မိုးတားတိုက်နယ် အတွင်း ဒေသကာကွယ်ရေး တပ်ပေါင်းစုများနှင့် စကစ တို့ ငါးကြိမ် ထက်မနည်း ထိတွေ့ တိုက်ပွဲ ဖြစ်ပွါးခဲ့ပါသည်။ …..။ အထက်ပါ ငါးရက်တာ ကသာမြို့ အနောက်ဘက်ကမ်း တိုက်ပွဲတွင် စခ(၂၀)ထက်မနည်း ဂန့်ဂလာပင် ဖြစ်သွားသည်ဟု မြေပြင်သတင်း ပေးပို့ချက်အရ သတင်း ရရှိပါသည်” လို့ ကသာ ပကဖ က ဖော်ပြပါတယ်။

စက်တင်ဘာ(၁၄)ရက် ညနေ(၅)နာရီကျော်ကလည်း ကသာနယ် မိုးတားလေး ကျေးရွာအနီးမှာ စစ်အုပ်စုနှင့် မိုးတားတိုက်နယ် ပ.က.ဖ ဗိုလ်သာလိကာ ဦးဆောင်တဲ့ ဒေသကာကွယ်ရေး တပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဗိုလ်လေးဆိုသူ အပါအဝင် စကစတွေ အသေအပျောက် များတယ်လို့ ဆိုပါတယ်။

“မိုးတားလေး ကျေးရွာ နှင့်မြေနုရွာမှ ထွက်လာသော စစ်ကြောင်းကို ကသာမြို့နယ် ၊ အထက်ဝဲကြီး ကျေးရွာ အရောက်တွင် မိုးတားတိုက်နယ် ပ.က.ဖ ဗိုလ်သာလိကာ ဦးဆောင်သော အဖွဲ့များမှာ မိနစ်(၄၀)ကြာ တိုက်ပွဲအတွင်း မိမိတို့ဖက်မှ ပစ်သော လက်နက်ကြီး ကျသဖြင့် စခများဘက်မှ သူတို့အခေါ် ဗိုလ်လေး တစ်ကောင်နှင့် အများအပြား ထိခိုက် ဒွမ်နိုင်ပြီး စက်လှေငယ်များဖြင့် ကသာသို့ အရေးပေါ်ပို့ကြောင်း သိရှိရပါသည်” လို့ ကသာ ပကဖ ကဖော်ပြပါတယ်။

စစ်အုပ်စုဟာ ကသာနယ် အထက်ဝဲကြီးရွာ အပါအဝင် ဒေသတွင်း ကျေးရွာတချို့က ပြည်သူပနေအိမ်တွေကို ဝင်မွှေလုယက် မီးရှို့ ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း ကသာ ပကဖ က ထုတ်ပြန်ထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကသာ #မိုးတားလေး #ပကဖ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ