ရေစကြို ရေလယ်ကျွန်းဒေသကို စစ်အုပ်စုက လေးဖွဲ့ခွဲ ပိတ်ဆို့ကာ ဝင်မွှေလုယက် သောင်းကျန်းနေ၊ ဒီညနေပိုင်း မီးလောင်ကျွန်းရွာကို လုယက် မီးရှို့

ရေစကြို ရေလယ်ကျွန်းဒေသကို စစ်အုပ်စုက လေးဖွဲ့ခွဲ ပိတ်ဆို့ကာ ဝင်မွှေလုယက် သောင်းကျန်းနေ၊ ဒီညနေပိုင်း မီးလောင်ကျွန်းရွာကို လုယက် မီးရှို့

MFP၊ စက်တင်ဘာ - ၆

မကွေးတိုင်း ရေစကြိုနယ် ရေလယ်ကျွန်းဒေသက ရွာတွေထဲ စစ်အုပ်စုက အဖွဲ့လေးဖွဲ့ခွဲကာ ဝင်မွှေ လုယက် သောင်းကျန်းနေပြီး ဒီနေ့ ညနေပိုင်းမှာ မီးလောင်ကျွန်းရွာကို လုယက် မီးရှို့ ဖျက်ဆီးနေတယ်လို ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီနေ့ စက်တင်ဘာ(၆) မနက်ပိုင်းက စတင်ပြီး စစ်အုပ်စုက ရေလယ်ကျွန်းဒေသ ရွာတွေထဲ လေးဖွဲ့ခွဲကာ ဝင်မွှေလုယက် သောင်းကျန်းနေတာ ဖြစ်ပြီး မြေတော်ရွာမှာ တစ်ဖွဲ့၊ မင်းရွာဘက်မှာ တစ်ဖွဲ့၊ ပေါက်တောရွာဘက်မှာ တစ်ဖွဲ့နှင့် ရေယှားရွာဘက်မှာ တစ်ဖွဲ့ ရောက်ရှိနေပြီး သောင်းကျန်းနေလို့ ထောင်သောင်းချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်အုပ်စု တစ်ဖွဲ့မှာ အင်အား(၁၀၀)ဝန်းကျင်စီ ပါဝင်ပြီး ဒီကနေ့ ညနေ(၆)နာရီလောက်မှာ စစ်အုပ်စုက မီးလောင်ကျွန်းရွာထဲ ဝင်မွှေလုယက် သောင်းကျန်းပြီး အိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပ.က.ဖ တပ်ဖွဲ့ဝင် ရဲဘော်ဝေကြီးက ပြောပါတယ်။

"ဒေသခံတွေကတော့ အကုန် ပြေးနေရတာပေါ့ဗျာ။ အဲဒီ စစ်ကြောင်းတွေနဲ့ ဆက်စပ်တဲ့ ရွာတွေပေါ့။ ပြည်သူ ထောင်ချီပြီးကို ပြေးနေရတယ်"လို ရဲဘော်ဝေကြီးက ဆိုပါတယ်။

ရေလည်ကျွန်းဒေသ ကျေးရွာ အများအပြားက ပြည်သူတွေ မိုးထြရေထဲ ထွက်ပြေးနေရပြီး စားသောက်နေထိုင်ရေးအတွက် အရေးပေါ် အကူအညီတွေ လိုအ်ပနေတယ်လို့ ဆိုပါတယ်။

"(ဒီနေ့ ထွက်ပြေးရတဲ့) ပြည်သူ (၃,၀၀၀) ဝန်းကျင်တော့ ရှိမယ်။ အဲဒါ အနည်းဆုံး ဖြစ်မှာ။ ရွာလုံးကျွတ်တွေ မိုးထဲရေထဲ ပြေးနေကြရတာ"လို့ ရေစကြို သတင်းမှန်ပြန်ကြားရေးအဖွဲက အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

စက်တင်ဘာ(၅)ရက် မနေ့ မနက်ပိုင်းကလည်း မြောင်နယ် ပန်းညှိးရွာကနေ ရေစကြိုနယ် ရေလယ်ကျွန်းဒေသထဲ ကူးလာတဲ့ စစ်အုပ်စုဟာ မြေတော်ရွာ၊ သင့်သည်ရွာနဲ့ ဇီးကုန်းကျွန်းရွာတွေကို ဝင်မွှေလုယက် မီးရှိဖျက်ဆီးခဲ့ပြီး ဆက်လက် လုယက် သောင်းကျန်းနေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရေစကြိုနယ် ရေလည်ကျွန်းဒေသ ငတရော်နှင့် လှေခုတ်ရွာတွေကို ရွာလုံးကျွတ် ဝင်မွှေလုယက် မီးရှိုလို့ အိမ်ခြေ (၇၀၀)ကျော် ပြာကျခဲ့ပြီး ဒေသခံပြည်သူ တစ်သောင်းနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါသေးတယ်။

ရေစကြိုမြို့နယ် ရေလည်ကျွန်းဒေသ မီးလောင်ကျွန်းရွာကို ဒီညနေပိုင်းမှာ စစ်အုပ်စု ဝင်မွှေလုယက် မီးရှို့နေစဉ်/Photo – CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ရေစကြို #ရေလည်ကျွန်း #မီးလောင်ကျွန်း 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ