မန္တလေးမြို့သစ်က စကစ ဗိုလ် တစ်ယောက်ရဲ့ နေအိမ်ကို ဗုံးထုတိုက်ခိုက်။

မန္တလေးမြို့သစ်က စကစ ဗိုလ် တစ်ယောက်ရဲ့ နေအိမ်ကို ဗုံးထုတိုက်ခိုက်။

MFP ၊ နိုဝင်ဘာ - ၁၂

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်ထဲက စစ်ကောင်စီ သစ္စာခံ လက်နက်ကိုင် ဗိုလ်အဆင့်ရှိ နိုင်လင်းအောင်ရဲ့ နေအိမ်ကို ဒီနေ့လည်ပိုင်း ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့တယ်လို့ Mandaly UG Wolf ARMY က သတင်း ထုတ်ပြန်ပါတယ်။

စကစ ဗိုလ် နိုင်လင်းအောင်ဟာ မန္တလေးမြို့ပေါ်က ရပ်ကွက်ရုံးတွေမှာ မထိုင်ချတပ်စွဲပြီး ပြည်သူကို ဖမ်းဆီးငွေညှစ်တာ၊ ပစ်ခတ်သတ်ဖြတ်တာတွေ လုပ်ဆောင်နေတဲ့အတွက် သသူရဲ့ နေအိမ်ကို တိုက်ခိုက်တာလို့ ဆိုပါတယ်။

ဒီနေ့ နိုဝင်ဘာ(၁၂)ရက် နေ့လည်ပိုင်းမှာ မန္တလေးမြို့၊ (၅၄) - Bလမ်းနှင့် ၁၂၅လမ်း အနီးက စကစ ဗိုလ် နိုင်လင်းအောင်ရဲ့ အိမ်ကို အသီးတစ်လုံး ပစ်သွင်းခဲ့တာလို့ Mandaly UG Wolf ARMY က ဆိုပါတယ်။

စစ်အုပ်စုဟာ မန္တလေးမြို့အနှံ့ ရပ်ကွက်တွေ၊ လမ်းတွေကို ပိတ်ဆို့စစ်ဆေးတာ၊ ဖမ်းဆီးငွေညှစ်တာ၊ ဧည့်စာရင်းအကြောင်းပြပြီး မိုက်ကြေးခွဲ ငွေညှစ်တာ၊ စိတ်ထင်တိုင်း ပစ်ခတ်သတ်ဖြတ်တာတေံ လုပ်နေသလို မြို့ပြပြောက်ကျား တပ်ဖွဲ့တွေကလည်း စစ်အုပ်စုနဲ့ ဆက်စပ်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #မြို့သစ် #WolfArmy 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ