ထီးလင်းနယ်ထဲ ရွာမီးရှို့နေတဲ့ စစ်အုပ်စုနဲ့ အနီးကပ်တိုက်ပွဲမှာ YDF ရဲဘော်တစ်ဦး ကျဆုံး၊

ထီးလင်းနယ်ထဲ ရွာမီးရှို့နေတဲ့ စစ်အုပ်စုနဲ့ အနီးကပ်တိုက်ပွဲမှာ YDF ရဲဘော်တစ်ဦး ကျဆုံး၊

MFP ၊ အောက်တိုဘာ - ၂၉

မကွေးတိုင်း၊ ယောဒေသ၊ ထီးလင်းမြို့နယ် ထန်းပင်ကုန်းရွာအနီး ယမန်နေ့က ဖြစ်ပွားခဲ့တဲ့ စစ်အုပ်စုနှင့် အနီးကပ်တိုက်ပွဲမှာ ယောကာကွယ်ရေးတပ် - YDF တပ်ရင်း(၁၄)က ရဲဘော် မောင်ဝေယံမင်း ကျဆုံးခဲ့တယ်လို့ YDF က သတင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ(၂၇)ရက် မနက်(၇)နာရီကျော်က ထီးလင်းမြို့နယ် ထန်းပင်ကုန်းရွာထဲ ဝင်မွှေလုယက် မီးရှို့ပြီး ပြန်ထွက်လာတဲ့ ခလရ(၅၀)လက်အောက်ခံ စစ်အုပ်စုနှင့်ပျူ အင်အား(၁၀၀)ကို YDF ၊ KKG တပ်ရင်း (၅)၊ PDF ထီးလင်း တပ်ရင်း ၂ (ခွဲ) (၇)၊ နပတ တပ်ရင်း(၇၀၇ ADF)တို့ ပူးပေါင်းပြီး အနီးကပ် တိုက်ခိုက်ခဲ့ရာ စကစ (၃၀)ထက်မနည်း သေသလို YDF ရဲဘော်တစ်ဦး ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

"ထီးလင်းနယ်အတွင်း ဝင်ရောက်သောင်းကျန်း ခိုးဆိုးလုယက်၊ မီးရှို့၊ လူသတ်နေတဲ့ စစ်အာဏာရှင်လက်အောက်ခံ စခ+ပျူ အင်အား (၁၀၀)ကျော်ပါ စစ်ကြောင်းကို ဒေသခံကာကွယ်ရေး ပူးပေါင်းအဖွဲ့က ပူးပေါင်းတပ်စု သုံးစုခွဲကာ ထန်းပင်ကုန်းရွာအနီးမှ ာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စခ+ပျူ (၃၀)ကျော် သေဆုံးခဲ့ပြီး ဒဏ်ရာအများအပြား ရရှိသွားခဲ့ကြပါတယ်။ အဆိုပါတိုက်ပွဲမှာ YDF တပ်ရင်း (၁၄) မှ ရဲဘော်မောင်ဝေယံမင်း သည် တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် ကာကွယ်တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာ ကျဆုံးသွားခဲ့ရပါတယ်" YDF က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ပွဲမှာ စကစတွေ အများအပြား သေသလို ယောဒေသကာကွယ်ရေး တပ်ပေါင်းစုဘက်က (၈၀မမ) ပြောင်း နှစ်ခုနဲ့အသီး ခြောက်လုံး၊ (၆၀မမ) ပြောင်း သုံးခုနဲ့အသီး (၂၅)လုံး၊ ဆိုင်ကယ် ခြောက်စီး ဆုံးရှုံးလိုက်ရတယ်လို့ YDF က ထုတ်ပြန်ထားပါတယ်။

"တိုင်းပြည်နဲ့ ပြည်သူလူထုကို ကာကွယ်တိုက်ပွဲဝင်ရင်း မြင့်မြတ်စွ ာကျဆုံးသွားသော ရဲဘော် မောင်ဝေယံမင်းအား ယောနယ်သူနယ်သားများနဲ့တကွ ယောအလင်းတန်းအဖွဲ့သားများမှ ယောသူရဲကောင်းအဖြစ် အသိအမှတ်ပြုရင်း အလေးနီပြုလိုက်ပါတယ် ရဲဘော်။ ကောင်းရာဘုံဘဝမှာ အေးချမ်းစွာအနားယူပါတော့" လို့ ယောအလင်းတန်းအဖွဲ့က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ လွန်ခဲ့တဲ့ တစ်လကျော်ကတည်းက ထီးလင်းနယ်ထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့၊ သောင်းကျန်းနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #မကွေး #ယော #ထီးလင်း #YDF #တိုက်ပွဲ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ