ရင်ပေါင်တိုင်ရွာမှာ အပျက်အစီးတွေ ရှင်းလင်းရင်း အလောင်းတွေ ထပ်တိုးတွေ့ရှိ၊ ဒီည (၈)နာရီအထိ အလောင်း(၃၁)ခု တွေ့ရှိထားပြီး ဒဏ်ရာရသူ(၄၀)နီးပါး ရှိကာ သေဆုံးသူတွေထဲ ကလေး၊ ကျောင်းသားနှင့် မိသားစုလိုက်တွေ ပါဝင်၊

ရင်ပေါင်တိုင်ရွာမှာ အပျက်အစီးတွေ ရှင်းလင်းရင်း အလောင်းတွေ ထပ်တိုးတွေ့ရှိ၊ ဒီည (၈)နာရီအထိ အလောင်း(၃၁)ခု တွေ့ရှိထားပြီး ဒဏ်ရာရသူ(၄၀)နီးပါး ရှိကာ သေဆုံးသူတွေထဲ ကလေး၊ ကျောင်းသားနှင့် မိသားစုလိုက်တွေ ပါဝင်၊

MFP ၊ ဩဂုတ် - ၁၅

အကြမ်းဖက် စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ ပစ်ခတ်ကာ လေးရက်ကြာ စီးနင်းသောင်းကျန်းသွားတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်နယ် ရင်ပေါင်တိုင်ရွာမှာ အပျက်အစီးတွေ ရှင်းလင်းရင်း အလောင်းတွေ ထပ်တိုး တွေ့ရှိနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

စစ်အုပ်စုရဲ့ ရဟတ်ယာဉ်နဲ့ ပစ်ခတ်မှုနှင့် ရွာကို လေးရက်ကြာ စီးနင်းထားချိန် ဖမ်းဆီးထားသူတွေကို ညှဉ်းပန်းနှိပ်စက် သ-တ်-ဖြတ်တာတွေကြောင့် ဒီနေ့ သြဂုတ်(၁၅)ရက် ည(၈)နာရီအထိ ရင်ပေါင်တိုင်ရွာမှာ ဒေသခံပြည်သူ အလောင်း(၃၁)လောင်း တွေ့ရှိထားတယ်လို့ ဆိုပါတယ်။

ရင်ပေါင်တိုင်ရွာမှာ စစ်အုပ်စုက သ-တ်-ဖြတ်လို့ သေဆုံးသူဟာ လက်ရှိ အလောင်းတွေ့ထားတဲ့ (၃၁)ဦးထက် ပိုမိုများပြားနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။ ဒါ့အပြင် စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ ပစ်ခတ်ချိန် အသက် မသေပေမယ့် ဒဏ်ရာရရှိသူ ဟာလည်း ဈေးသည်၊ ဈေးဝယ်တွေ အပါအဝင် ဒေသခံပြည်သူ (၄၀) နီးပါး ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ စစ်အုပ်စု သ-တ်-ဖြတ်ခဲ့ပြီး ရှာတွေ့ထားတဲ့ အလောင်းတွေထဲ အသက်(၈)နှစ်အရွယ်ကလေးငယ်တစ်ဦး၊ ဆယ်တန်းကျောင်းသားတစ်ဦးနှင့် မိသားစုဝင် သုံးဦး သေဆုံးနေတာတွေ တွေ့ရပြီး မိသားစုထဲမှာ နှစ်ဦး၊ သုံးဦး သေဆုံးတဲ့ ဖြစ်စဉ်တွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တချိန်တည်းမှာပဲ စစ်အုပ်စုက ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားသူတွေ ရှိသလို ပျောက်ဆုံးနေသူတွေလည်း ရှိပြီး စုစုပေါင်း ဒေသခံ (၃၀)ခန့်လည်း အဆက်အသွယ် မရသေးဘူးလို့ ဆိုပါတယ်။

No photo description available.

 

May be an image of outdoors

လက်ရှိမှာ ရင်ပေါင်တိုင်ရွာထဲ စစ်အုပ်စု သောင်းကျန်းဖျက်ဆီးသွားတဲ့ အပျက်အစီးတွေကို ရှင်းလင်း ရှာဖွေနေဆဲဖြစ်ပြီး ဒီကနေ့ ည(၈)နာရီအထိ ရင်ပေါင်တိုင်ရွာရဲ့ နောက်ဆုံးအခြေအနေ အကြောင်း ရင်ပေါင်တိုင်ရွာက ဒေသခံတစ်ဦးကို MFP က ဆက်သွယ်မေးမြန်းထားပါတယ်။

No photo description available.

May be an image of grass

May be an image of fire and outdoors

May be an image of outdoors

May be an image of 2 people, motorcycle, tree and outdoors

May be an image of outdoors

No photo description available.

May be an image of outdoors

ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာထဲ စစ်အုပ်စု စီးနင်း သောင်းကျန်း သ-တ်-ဖြတ် ဖျက်ဆီးသွားစဉ်/Photo – မြောက်ယမား တပ်ဖွဲ့

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ယင်းမာပင် #ရင်ပေါင်တိုင် #ရွာ #မီးရှို့ #ပြည်သူ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ