မြင်းခြံ ကုက္ကဲရွာ ရဲကင်းစခန်း တိုက်ခိုက်ခံရပြီး စကစတွေ အထိအခိုက်ရှိ၊ တခြားရဲတွေ ထွက်မပြေးအောင် ရဲအချင်းချင်း ရန်ဖြစ်တာလို့ စစ်အုပ်စုက သတင်းဖြန့်၊

မြင်းခြံ ကုက္ကဲရွာ ရဲကင်းစခန်း တိုက်ခိုက်ခံရပြီး စကစတွေ အထိအခိုက်ရှိ၊ တခြားရဲတွေ ထွက်မပြေးအောင် ရဲအချင်းချင်း ရန်ဖြစ်တာလို့ စစ်အုပ်စုက သတင်းဖြန့်၊

MFP ၊ စက်တင်ဘာ - ၂၀

မန္တလေးတိုင်း မြင်းခြံမြို့နယ် မြင်းခြံ - မြို့သာလမ်းပေါ်က ကုက္ကဲရွာ ရဲကင်းစခန်း မနေ့က ညနေပိုင်းမှာ ဒရုန်းနဲ့ ဗုံးထု ခံရသလို ပစ်ခတ် တိုက်ခိုက်ခံရပြီး စကစတွေ အထိအခိုက် အသေအပျောက် ရှိနိုင်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စက်တင်ဘာ(၁၉)ရက် ညနေ(၆)နာရီက မြင်းခြံနယ် ကုက္ကဲရွာ ရဲကင်းစခန်းကို နွားထိုးကြီး Natogyi People Defence Force – NPDF နှင့် ရွှေခြံသား ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စကစ ရဲသုံးယောက် ထိခိုက်ကာ တစ်ယောက်က ခြေထောက်ပြတ်သွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက သတင်း ထုတ်ပြန်ပါတယ်။

ရဲကင်းစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက ရဲစခန်းထဲကနေ အဆက်မပြတ် သေနတ် ပစ်ဖောက်ခဲ့သလို နာရေးကား နှစ်စီး ရဲစခန်းထဲ ဝင်သွားတာ တွေ့ရတယ်လို့ ဒေသတွင်း သတင်းတွေ တင်ဆက်နေတဲ့ ဆီမီးခုံသတင်းက ဖော်ပြပါတယ်။

ဒါ့အပြင် ည(၇)နာရီကျော်မှာ တလုတ်မြို့ဘက်ကနေ ကုက္ကဲရွာဘက်ကို စစ်အုပ်စုရဲ့ ဒရုန်းသုံးစီး ဝဲပျံသန်းသွားတဲ့အပြင် ဆီမီးခုံမြို့ပေါ်က စကစတွေလည်း ကုက္ကဲရွာဘက် ထွက်သွားတာ တွေ့ရတယ်လို့ ဆီမီးခုံသတင်းက ဆက်လက် ဖော်ပြထားပါတယ်။

ကုက္ကဲရကင်းစခန်း တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုက ရဲအချင်းချင်း စကားများပြီး လက်နက်ကြီးကျည် ထွက်သွားတာလို့ သတင်းလွှင့်ထားပြီး စကစတွေကြား ကြောက်စိတ်ဝင်ပြီး ထွက်ပြေးတာမျိုး မရှိအောင် ထိန်းထားတယ်လို့ မြင်းခြံ လူထုလှုပ်ရှားမှု ကော်မတီက ဆိုပါတယ်။

“ကုက္ကဲရဲစခန်းကို Natogyi PDF နှင့် ရွှေခြံသား ပြောက်ကျားတပ်ဖွဲ့ မြင်းခြံမြို့နယ်တို့မှ တိုက်ခိုက်ခဲ့ရာ ရခ သုံးကောင် ထိခိုက်ခဲ့။ တစ်ကောင် စာအုပ်ရောင်းရမယ်လို့ သိရပြီး ရခတွေ ထွက်မပြေးအောင် အချင်းချင်း စကားများပြီး လက်နက်ကြီး ကျည်ထွက်တာလို့ ရခ၊စခ အသိုင်းအဝိုင်းကြား သတင်းလွှင့်ထား” လို့ မြင်းခြံ လူထု လှုပ်ရှားမှု ကော်မတီက ဖော်ပြပါတယ်။

မြင်းခြံနယ်ထဲ လက်နက်အားကိုးနှင့် ပြည်သူကို ရန်ပြု သောင်းကျန်းနေတဲ့ စစ်အုပ်စုနှင့် ပျူတွေကို ဒေသကာကွယ်ရေး တပ်တွေက ပြောက်ကျားနည်းနဲ့ တိုက်ခိုက်နေပြီး စစ်အုပ်စုကလည်း တိုက်ခိုက်ခံရချိန်တိုင်း ကျေးရွာဒေသခံတွေကို ဖမ်းဆီးပြီး ပိုမို ရန်ပြု သောင်းကျန်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အာဏာသိမ်းစက မြင်းခြံမြို့ပေါ်မှာ တွေ့ရတဲ့ စကစတွေ/Photo – CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြင်းခြံ #ကုက္ကဲရဲကင်းစခန်း #ဒရုန်းနဲ့ဗုံးထု 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ