စစ်ကိုင်း တောင်မြို့ရွာကို စစ်အုပ်စုက စီးနင်းလုယက်ပြီး အသက်(၁၇)အရွယ် လူငယ်တစ်ဦးကို သ-တ်-ဖြတ်၊ အိမ်တွေ မီးရှို့ပြီး တန်ဘိုးကြီးပစ္စည်းတွေ ခိုးယူလုယက်၊

စစ်ကိုင်း တောင်မြို့ရွာကို စစ်အုပ်စုက စီးနင်းလုယက်ပြီး အသက်(၁၇)အရွယ် လူငယ်တစ်ဦးကို သ-တ်-ဖြတ်၊ အိမ်တွေ မီးရှို့ပြီး တန်ဘိုးကြီးပစ္စည်းတွေ ခိုးယူလုယက်၊

MFP ၊ သြဂုတ် - ၂၉

စစ်ကိုင်းမြို့နယ်ထဲ လက်နက်အားကိုးနှင့် သောင်းကျန်းနေတဲ့ အကြမ်းဖက် စစ်အုပ်စုနှင့် ပျူတွေ ဒီမနက်ပိုင်း တောင်မြို့ကျေးရွာကို စီးနင်းဝင်မွှေ လုယက်ပြီးနောက် အသက်(၁၇)နှစ်အရွယ် ဒေသခံ လူငယ်တစ်ဦးကို သ-တ်-ဖြတ်ကာ အိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

စစ်ကိုင်းမြို့နယ် ကြွယ်ပုံရွာ ပျူစခန်းမှာ အထိုင်ချပြီး ဒေသတွင်း ထင်တိုင်းကျဲ သောင်းကျန်းနေတဲ့ စစ်အုပ်စုနှင့် ပျူတွေဟာ ဒီနေ့ သြဂုတ်(၂၉)ရက် မနက်(၄)နာရီမှာ ကြွယ်ပုံရွာအနီးက တောင်မြို့ရွာထဲ စီးနင်းဝင်မွှေ လုယက်ပြီး မနက်(၆)နာရီက စတင်ကာ အိမ်တွေကို မီးရှို့ဖျက်ဆီးနေတာလို့ ဆိုပါတယ်။

“စစ်ခွေးနဲ့ ပျူ (၅၀)ကျော် ဒီမနက် (၄)နာရီခွဲမှာ သေနတ်တွေ ပစ်ပြီး တောင်မြို့ရွာထဲ ဝင်တာ။ တွေ့သမျှ လုယက် ခိုးယူပြီး မနက်(၆)နာရီလောက်မှာ မီးတွေရှိုပတယ်။ ရွာထဲ ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်နေတဲ့ ကျေးရွာ ပကဖ ရဲဘော် မောင်ထက်မြက်ဇင် ကို ပစ်သ-တ်သွားတယ်။ ကလေးက အခုမှ (၁၇)နှစ်လောက်ပဲ ရှိသေးတယ်။ ခွေးတွေက ထင်သလိုကို သောင်းကျန်းနေတာ” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

ဒေသခံတချို့ ဖမ်းဆီးခံထားရတယ်လို့ သတင်းထွက်နေပေမယ့် အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

“အခုတော့ ခွေးတွေက တောင်မြို့ရွာထဲ လုယက် သ-တ်-ဖြတ် သောင်းကျန်းပြီးလို့ ရွာထဲက ပြန်ထွက်ပြီး တောင်ကြားရွာဘက် ဆက်မွှေနေတယ်လို့ ကြားတယ်။ တောင်ကြားရွာကို လက်နက်ကြီးနဲ့ ထုနေတာ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်အုပ်စုနှင့် ပျူတွေ လုယက် သောင်းကျန်း မီးရှို့သွားတဲ့ တောင်မြို့ရွာထဲ နေအိမ်အလုံး (၄၀)ဝန်းကျင် မီးလောင်ပြာကျသွားတယ်လို့ ဒေသခံတွေက ဆိုပြီး ပျက်စီးဆုံးရှုံးမှု အသေးစိတ် အခြေအနေတွေ စိစစ်နေဆဲလို့ ဆိုပါတယ်။

စစ်အုပ်စု အထိုင်ချနေပြီး ဒေသတွင်း ထင်တိုင်းကျဲ လုယက် သောင်းကျန်းနေတဲ့ စစ်ကိုင်းမြို့နယ် ကြွယ်ပုံရွာ ပျူစခန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ လပိုင်းအတွင်း စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ပေမယ့် စစ်အုပ်စုက ကြွယ်ပုံရွာက ကလေးငယ်တွေကို လူသားဒိုင်းကာထားပြီး လက်နက်ကြီးတွေ၊ စက်သေနတ်တွေနဲ့ ခုခံ ပစ်ခတ်တာကြောင့် စခန်းကို မစီးနိုင်ခဲ့ဘဲ ပြန်ဆုတ်ခဲ့ရတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက သတင်း ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းမြို့နယ် တောင်မြို့ရွာထဲ စစ်အုပ်စု ဝင်မွှေလုယက်ပြီး ဒေသခံတစ်ဦးကို သ-တ်-ဖြတ်ကာ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးသွားစဉ်/Photo – YP

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကြွယ်ပုံရွာ #တောင်မြို့ရွာ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ