တော်လှန်ရေးအောင်မှ အိမ်ပြန်နိုင်တော့မယ့် စစ်ပြေး ပြည်သူတွေအတွက် စစ်ရှောင်စခန်း အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်း၊

တော်လှန်ရေးအောင်မှ အိမ်ပြန်နိုင်တော့မယ့် စစ်ပြေး ပြည်သူတွေအတွက် စစ်ရှောင်စခန်း အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်း၊

MFP ၊ စက်တင်ဘာ - ၂၈

နွေဦးတော်လှန်ရေး အောင်မြင်မှသာ အိမ်ပြန်ခွင့်ရတော့မယ့် မကွေးတိုင်း ဂန့်ဂေါနယ်ကနေ စစ်ကိုင်းတိုင်း ပုလဲနယ်ထဲ ထွက်ပြေးလာတဲ့ စစ်ပြေး ပြည်သူတွေအတွက် စစ်ရှောင်စခန်း အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းပေးခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျောမြို့ ကျေးရွာတစ်ရွာက ဒေသခံပြည်သူ (၄၀၀)ကျော်ဟာ စစ်အုပ်စုရဲ့ ဥပဒေမဲ့ ဖမ်းဆီး သတ်-ဖြတ် အကြမ်းဖက်မှုတွေကြောင့် ရွာမှာ မနေဝံ့ဘဲ စစ်ပြေးကာ စစ်ကိုင်းတိုင်၊ ပုလဲမြို့နယ်က တောတောင်တွေထဲ စစ်ဘေးရှောင် ခိုလှုံနေထိုင်လျှက် ရှိတယ်လို့ ဆိုပါတယ်။

အဲ့ဒီ စစ်ပြေးပြည်သူတွေကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အများပြည်သူ လှူဒါန်းထားတဲ့ စားနပ်ရိက္ခာတချို့ကို မျှဝေထောက်ပံ့ လှူဒါန်းပေးခဲ့ပြီး စစ်ရှောင်စခန်း ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ကိုပါ ဖွဲ့စည်းပေးခဲ့တယ်လို့ ဆိုပါတယ်။

“ဂန့်ဂေါမြို့နယ်၊ ကျောမြို့၊ ကန့်သတ်ရွာမှ စစ်ကိုင်းတိုင်၊ ပုလဲမြို့နယ်အတွင်း စစ်ဘေး ရှောင်လာသော ပြည်သူများအား အလှူရှင်များက လှူဒါန်းသော စာနပ်ရိက္ခာများကို သွားရောက် ထောက်ပံ့ ခဲ့ကြပါတယ်။ စစ်ဘေးရှောင် ပြည်သူဦးရေ (၄၀၀)ခန့်ရှိပြီး တော်လှန်ရေးအောင်မှ ကိုယ့်ရွာကို ပြန်နိုင်တော့မှာမို့ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ပါ ဖွဲ့ပေးခဲ့ပါတယ်။ ကျောင်းနေအရွယ် ကလေး (၁၀၀)ခန့်ရှိသဖြင့် ကျန်းမာရေး၊ ပညာရေးအတွက်ပါ အဆင်ပြေနိုင်အောင် ဆွေးနွေးတိုင်ပင်ခဲ့ပြီး လိုအပ်တာများ ထောက်ပံ့နိုင်ဖို့ ဝိုင်းဝန် းကြိုးစားပေးရဦးမှာ ဖြစ်ပါတယ်” လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖော်ပြပါတယ်။

ဒါ့အပြင် စစ်ရှောင်ပြည်သူတွေဟာ ပုလဲ လူထုသပိတ်တိုက်ပွဲ ဦးဆောင်သူတစ်ဦးနှင့်အတူ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိမှောက် ဆန္ဒပြခဲ့တယ်လို့ ဆိုပါတယ်။

ပုလဲနှင့် မြိုင်နယ်အပါအဝင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းက ကျေးရွာတွေကို စစ်အုပ်စုက ထင်တိုင်းကျဲ ဝင်မွှေလုယက် သောင်းကျန်းကာ မီးရှို့ဖျက်ဆီးနေလို့ ထောင်သောင်းချီတဲ့ ဒေသခံပြည်သူတွေ စစ်ပြေးနေရပါတယ်။

စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း စစ်ကိုင်းတိုင်းထဲက နေအိမ်အလုံး နှစ်သောင်းကျော်နှင့် မကွေးတိုင်းထဲက နေအိမ် အလုံး ခြောက်ထောင်ကျော်ကို စစ်အုပ်စုက ပြာကျသည်အထိ မီးရှို့ဖျက်ဆီးခဲ့ပြီး လက်ရှိမှာလည်း ဆက်လက်ပြီး မီးရှို့ဖျက်ဆီးနေဆဲ ဖြစ်ပါတယ်။

ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေူအဖွဲ့ တာဝန်ရှိသူတွေ စစ်ရှောင်စခန်း ရှိရာသို့ သွားရောက်စဉ်/Photo - ပုလဲ ပအဖ

#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြင်းခြံ #27 #MFPDF

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ