MFP ၊ အောက်တိုဘာ - ၇
သီတင်းကျွတ်လပြည့် လာမယ့် အောက်တိုဘာ(၉)ရက် ညမှာ အာဏာသိမ်း စစ်အုပ်စုက မန္တလေးကျုံးဘေး (၆၆)လမ်း ကျုံးပလက်ဖောင်းမှာ မီးထွန်းပွဲ ပြုလုပ်မှာ ဖြစ်ပြီး မန္တလေးမြိုကခံ ပြည်သူတွေ လာရောက် ပျော်ရွှင်ကြဖို့ စည်းရုံးနေတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
လက်ရှိမှာ မန္တလေးမြို့အနှံ့ ပြည်သူတွေကို ဖမ်းဆီး ငွေညှစ် သတ်-ဖြတ်နေပြီး ကိုဗစ် ကာကွယ်ဆေးထိုးလက်မှတ် မပြနိုင်သူတွေကို မိုက်ကြေးခွဲ ငွေတောင်းနေတဲ့ စစ်အုပ်စုက မန္တလေး ကျုံးဘေးမှာ မီးထွန်းပွဲ ပြုလုပ်ပြီး လူစည်ကားစေဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
“ပွဲမလုပ်လည်း အဲဒီနေရာတွေက လူတွေ လာလည်ပတ်နေတဲ့ နေရာတွေ ဖြစ်တယ်၊ အဲဒီမှာ သူတို့က မီးထွန်းပွဲ လုပ်မယ်လို့ ပြောတယ်၊ ဖျော်ဖြေပွဲတွေ၊ စတုဒီသာတွေ ထည့်ပြီး လူတွေ လာချင်အောင် စည်းရုံးနေတာ “ လို့ မန္တလေးမြို့ခံတစ်ဦးက ဆိုပါတယ်။
စစ်အုပ်စုက လုပ်မယ့် သီတင်းကျွတ် မီးထွန်းပွဲမှာ တိါ်မှုတ် ကပြပေးဖို့ မြို့မအဖွဲ့၊ ကျောက်ဆည်ဆင်အကနှင့် ယိမ်းအဖွဲ့တွေကို ငွေပေး ငှားရမ်းထားပြီး မန္တလေး စည်ပင်တေးဂီတအဖွဲ့ကလည်း တီးမှုတ်မှာ ဖြစ်တယ်လို့ စစ်အုပ်စုက ကြော်ငြာနေပါတယ်။
မန္တလေးနန်းတွင်း စစ်ကြောရေး အပါအဝင် နိုင်ငံတဝန်း ကလေး၊ လူကြီး မရွေး၊ ရဟန်း၊ ရှင်၊ လူ၊ ဘာသာမရွေး သတ်-ဖြတ်နေတဲ့ စစ်အုပ်စုဟာ သူတို့ အာဏာသိမ်း အုပ်စီးထားချိန် နိုင်ငံတဝန်း တည်ငြိမ်အေးချမ်း သာယာနေတယ်ဆိုတာ ပြနိုင်ဖို့ သင်္ကြန်ပွဲ၊ တောင်ပြုံးပွဲ၊ ကျောက်တော်ကြီး ဘုရားပွဲစတာတွေ ငွေကုန်ကြေးကျခံကာ ပြုလုပ်ခဲ့သလို ပြင်ဦးလွင် မီးပုံးပျံပွဲကိုလည်း လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။
မင်းအောင်လှိုင် သမ္မတ ဖြစ်ရေးနဲ့ နိုင်ငံကို စစ်ဖိနပ်အောက် သွတ်သွင်းဖို့ အာဏာသိမ်း စစ်အုပ်စုက လုပ်ဆောင်နေတယ်ဆိုတာ မမေ့ကြဖို့၊ နွေဦးတော်လှန်ရေးမှာ အသက်ဆုံးပါးသွားကြတဲ့၊ ဘဝတွေ ပျက်စီးသွားကြတဲ့ မိသားစုတွေကို အားနာကြဖို့နှင့် နေ့စဉ်ရက်ဆက် ဖမ်းဆီးခံနေရပြီး မန္တလေး နန်းတွင်း စစ်ကြောရေးမှာ ညှဉ်းပန်း သတ်-ဖြတ်ခံနေရသူတွေကို ကိုယ်ချင်းစာ စာနာပေးကြဖို့ မန္တလေးမြို့ခံ တက်ကြွလှုပ်ရှားသူတစ်ဦးက တိုက်တွန်းပါတယ်။
သီတင်းကျွတ် မီးထွန်းပွဲ လာရောက်ကြဖို့ စစ်အုပ်စုက ဖြန့်ဝေနေတဲ့ စာနဲ့ လက်ရှိ မန္တလေး ကျောက်တော်ကြီး ဘုရားပွဲ/Photo - s
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #သီတင်းကျွတ်ပွဲ