ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး အရာတော်နယ်မှာ ကျောင်းသားနဲ့ ပြည်သူ ပူးပေါင်းချီတက် ဆန္ဒပြ၊

ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး အရာတော်နယ်မှာ ကျောင်းသားနဲ့ ပြည်သူ ပူးပေါင်းချီတက် ဆန္ဒပြ၊

MFP ၊ အောက်တိုဘာ - ၂၂

Photo - အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ - ဗကသများအဖွဲ့ချုပ်

❝‌ဖိနှိပ်ခံတို့ ညီညွတ်ကြ၊ စစ်သုံးစစ်ကို အမြစ်ဖြတ်ကြ❞ ဆိုတဲ့ စာသားပါ ဘန်နာကိုင်ဆောင်ကာ ဖက်ဆစ်တပ် အမြစ်ဖြတ်နိုင်ရေး အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ အထက မလဲသာ ကျောင်းသားများသမဂ် ဂ(ဗကသများအဖွဲ့ချုပ်) နှင့် ကျေးရွာပြည်သူများ ပူးပေါင်ကာ ဒီနေ့ အောက်တိုဘာ(၂၂)ရက်မှာ ချီတက် ဆန္ဒပြခဲ့တယ်လို့ သတင်း ရရှီပါတယ်။

အရာတော်နယ် ကျောင်းသား၊ ပြည်သူ ပူးပေါင်း သပိတ်စစ်ကြောင်းကို ကြယ်နီတပ်ဖွဲ့(ပကဖ)၊ နယ်မြေခံ ပကဖတွေနှင့် Local PDF ရဲဘော်တွေက လုံခြုံရေးယူ ဝန်းရံပေးခဲ့တယ်လို့ ဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အရာတော် #ကျောင်းသား #ပြည်သူ #လူထုသပိတ် #PeopleStrike 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ