မိတ္ထီလာက ကလေး (၇) ယောက်ရဲ့ဖခင် အသက်(၅၀)ကျော်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချ အဆုံးစီရင်၊

မိတ္ထီလာက ကလေး (၇) ယောက်ရဲ့ဖခင် အသက်(၅၀)ကျော်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချ အဆုံးစီရင်၊

MFP ၊ အောက်တိုဘာ - ၁၃

မန္တလေးတိုင်း မိတ္ထီလာမြို့နယ်မှာ ကလေး (၇) ယောက်ရဲ့ ဖခင်၊ အသက်(၅၆)နှစ်အရွယ် အမျိုးသားတစ်ဦး ဒီနေ့ အောက်တိုဘာ (၁၃) ရက် မနက်ပိုင်းက ကြိုးဆွဲချ အဆုံးစီရင်သွားခဲ့တယ်လို့ ပြည်သာယာ လူငယ် လူမှုကူညီရေးအသင်းက ဖော်ပြပါတယ်။

မိတ္ထီလာမြို့နယ် ညောင်ပင်သာကျေးရွာမှာ နေထိုင်တဲ့ အသက် (၅၆)နှစ်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချ အဆုံးစီရင်သွားခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူဟာ နွားခြံအငှါးစောင့်သူအဖြစ် လုပ်ကိုင်ပြီး ဇနီးနဲ့ အသက် (၁၅) နှစ်အောက် ကလေး (၇) ဦး ကျန်ရစ်ခဲ့တယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

စစ်အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်း စားဝတ်နေရေး ကျပ်တည်းလာကြတဲ့ အခြေခံလူတန်းစားတွေ ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့ သတင်းတွေကို မကြာခဏ ကြားနေရတယ်လို့ မိတ္ထီလာမြို့ခံအချို့က ပြောပါတယ်။

ကလေး (၇) ယောက်ဖခင်ဖြစ်သူ အဆုံးစီရင်တဲ့ အကြောင်းရင်းကိုတော့ မသိရသေးပေမယ့် ရုပ်အလောင်းကို ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းကားနဲ့ မိတ္ထီလာဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မိတ္ထီလာ #ကလေးခုနစ်ယောက်ဖခင် #ကြိုးဆွဲချအဆုံးစီရင်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ