စဉ့်ကိုင် ပလိပ်မြို့ ဘူတာရပ်ကွက်က စကစ အုပ်ကြီး ကောက်ရိုးဖုန်းကျော် ရှင်းလင်းခံရ၊ စစ်အုပ်စုက သေနတ်ပစ်ဖောက် ရမ်းကားသောင်းကျန်းနေ၊

စဉ့်ကိုင် ပလိပ်မြို့ ဘူတာရပ်ကွက်က စကစ အုပ်ကြီး ကောက်ရိုးဖုန်းကျော် ရှင်းလင်းခံရ၊ စစ်အုပ်စုက သေနတ်ပစ်ဖောက် ရမ်းကားသောင်းကျန်းနေ၊

MFP ၊ အောက်တိုဘာ - ၂၈

မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်၊ ပုလိပ်မြို့၊ ဘူတာရပ်ကွက်က စစ်ကောင်စီ သစ္စာခံ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကောက်ရိုးဖုန်းကျော် ဆိုသူကို ဒီညနေပိုင်း ပစ်ခတ် သုတ်သင် ရှင်းလင်းခဲ့တယ်လို့ ပုလိပ်မြို့ တော်လှန်ရေး ဦးဆောင်အဖွဲ့က MFP ကို ပြောပါတယ်။

ဒီနေ့ အောက်တိုဘာ(၂၈)ရက် ညနေ(၅)နာရီကျော်က ပုလိပ်မြို့ ဘူတာရပ်ကွက် အုပ်ကြီး ကောက်ရိုးဖုန်းကျော်ကို သူ့ရဲ့ နေအိမ်မှာပဲ သုတ်သင်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

"ကောက်ရိုးဖုန်းကျော်ဟာ စခတွေနဲ့ပေါင်းပြီး ပလိပ်မြို့ တဝိုက်မှာ အလောင်းကစားဝိုင်းတွေ ဖွင့်ခွင်ပေးပြီး အကောက်လိုက်ကောက် ပါတယ်။ သူ့ကြောင့် ပလိပ်မြို့က အပြစ်မဲ့ ပြည်သူ တော်တော်များများ အဖမ်းခံရပြီး pdf ထောက်ပံဆိုတဲ့ ပုဒ်မတွေတပ်ပြီး ပြည်သူတွေကို ငွေညှစ်နေတဲ့ ဒလန်တစ်ယောက်ဆိုတာ သေချာတဲ့အတွက် ရှင်းလင်းရခြင်း ဖြစ်တယ်" လို့ ပလိပ်မြို့တော်လှန်ရေး ဦးဆောင်အဖွဲ့က ပြောပါတယ်။

စစ်အုပ်စုအတွက် ဆက်ကြေးကောက် ငွေရှာပေးနေတဲ့ ကောက်ရိုးဖုန်းကျော် ရှင်းလင်းခံရပြီးနောက် စစ်အုပ်စု ရောက်လာကာ သေနတ် ငါးချက်ထက်မနည်း ပစ်ဖောက်ပြီး အော်ဟစ်ဆဲဆို ရမ်းကားသောင်းကျန်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုလိပ်မြို့ အပါအဝင် စဉ့်ကိုင်နှင့် ကျောက်ဆည်နယ်ထဲ စစ်အုပ်စုနဲ့ ပျူတွေ ကြီးစိုးသောင်းကျန်းနေပြီး ပြည်သူကို ဖမ်းဆီးငွေညှစ်တာ၊ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းကပဲ ပုလိပ်မြို့က CDM လျှပ်စစ်ဝန်ထမ်း အပါအဝင် ဒေသခံနှစ်ဦးကို စစ်အုပ်စုက PDF ထောက်ပို့လို့ စွပ်စွဲဖမ်းဆီးကာ ညှဉ်းပန်း သတ်ဖြတ်ခဲ့ပါသေးတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #စဉ့်ကိုင် #ပုလိပ်မြို့ #စကစအုပ်ကြီ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ