မန္တလေးမှာ ပြည်သူကို ထင်တိုင်းကျဲ ဖမ်းဆီးငွေညှစ် ရန်ပြုနေတဲ့ စစ်အုပ်စုက ကိုဗစ် ဗန်းပြပြီး လူစုလူဝေးနဲ့ Mask တွေ ဝေငှနေ၊

မန္တလေးမှာ ပြည်သူကို ထင်တိုင်းကျဲ ဖမ်းဆီးငွေညှစ် ရန်ပြုနေတဲ့ စစ်အုပ်စုက ကိုဗစ် ဗန်းပြပြီး လူစုလူဝေးနဲ့ Mask တွေ ဝေငှနေ၊

MFP ၊ စက်တင်ဘာ - ၁၆

မန္တလေးမှာ ပြည်သူကို ထင်တိုင်းကျဲ ဖမ်းဆီးငွေညှစ် ရန်ပြု သ-တ်ဖြတ်နေတဲ့ စစ်အုပ်စုက ကိုဗစ်ရောဂါ ကူးစက်မှု ပြန်လည် မြင့်တက်နေပြီလို့ သတင်းဖြန့်ပြီး ဒီအနက်ပိုင်း မြို့ပေါ် လမ်းမတချို့မှာ လူထုလူဝေးနဲ့ Mask (နှာခေါင်းစည်း) တွေ ဝေငှနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒိနေ့ စက်တင်ဘာ(၁၆)ရက် မနက်ပိုင်းမှာ စစ်အုပ်စုက မန္တလေးမြို့ အောင်မြေသာစံမြို့နယ် နန်းရှေ့ (၁၉)လမ်းပေါ်မှာ မီးသတ်တွေ၊ ကြက်ခြေနီတွေ၊ စည်ပင်တွေနှင့် ပေါင်းပြီး လမ်းပေါ် လာသမျှလူကို Mask တွေ ဝေငှနေတာလို့ ဆိုပါတယ်။

“ဒီနေ့ နန်းရှေ့ဈေးမှာ လုပ်တဲ့ဟာဆို စစ်သားတွေကော၊ မီးသတ်၊ ထွေအုပ်၊ ကြက်ခြေနီ၊ ရဲ၊ ယာဉ်ထိန်း အကုန် တွေ့ရတယ်၊ လမ်းဟိုဖက်ဒီဘက် ပိတ်ပြီးတော့ကို ဝေနေကြတာ၊ မသိရင်တော့ ပြည်သူတွေကို ဂရုစိုက်တယ်ဆိုတဲ့ အထာနဲ့ လုပ်နေတာ “ လို့ မန္တလေးမြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ရုရှားကို သွားခဲ့တဲ့ မင်းအောင်လှိုင်ကတော့ မြန်မာမှာ Covid-19 ရောဂါ ထိန်းချုပ်နိုင်ပြီလို့ ပြောဆိုခဲ့ပြီး တချိန်တည်းမှာပဲ ပြည်တွင်းက စစ်အုပ်စုက မြန်မာနိုင်ငံတွင်း ကိုဗစ် ပဉ္စမလှိုင်း ဖြစ်ပေါ်နိုင်တယ်လို့ သတင်းလွှင့်ခြိမ်းခြောက်ကာ ပြည်သူကို ထိန်းချုပ် ကန့်သတ်ဖို့ ကြိုးစားနေပါတယ်။

မန္တလေးမြို့မှာလည်း ကိုဗစ်ကြောင့် သေဆုံးသူတွေ၊ ကူးစက်ခံရသူတွေ များပြားလာနေတယ်လို့ စစ်အုပ်စုနှင့် စစ်ကောင်စီ သစ္စာခံတွေက သတင်းဖြန့်နေပြီး အခုလို လမ်းပေါ်မှာ လူစုလူဝေးနဲ့ Mask ဝေတာမျိုးတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ လူစုလူဝေးနဲ့ Mask ဝေတာတွေ လုပ်နေသလို တချိန်တည်းမှာပဲ အဲ့ဒီ Mask ဝေတဲ့ အဖွဲ့တွေက လမ်းသွားလမ်းလာ ပြည်သူတွေကို ဖမ်းဆီးငွေညှစ် ရန်ပြုတာတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #စစ်အုပ်စု #Mask

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ