ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ မုံရွာ ပကဖ ရဲဘော် ဇေယျာလင်း (ခ) အဂ္ဂ ရဲ့ နာရေး

ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ မုံရွာ ပကဖ ရဲဘော် ဇေယျာလင်း (ခ) အဂ္ဂ ရဲ့ နာရေး

MFP ၊ စက်တင်ဘာ - ၂၉

ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး တိုက်ပွဲဝင်ရင်း စက်တင်ဘာ(၂၇)ရက်က ကျဆုံးသွားတဲ့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (မြို့နယ်ပကဖ) တပ်ဖွဲ့ဝင် ရဲဘော် ဇေယျာလင်း (ခ) အဂ္ဂ ရဲ့ နာရေး အခမ်းအနားကို ဒီနေ့ ကျင်းပခဲ့တယ်လို့ မုံရွာ မြို့နယ် ပကဖ က သတင်း ထုတ်ပြန်ပါတယ်။

“ရဲဘော် ဇေယျာလင်း (ခ) အဂ္ဂသည် မုံရွာ မြို့နယ်အတွင်းရှိ တော်လှန်နယ်မြေ တစ်ခုတွင် မတော်တဆ ဖြစ်စဉ် တစ်ခုကြောင့် စစ်အာဏာရှင် အုပ်စု၏ မတရား ဖမ်းဆီးခြင်း ခံခဲ့ရပါသည်။ ဖမ်းဆီးခံရပြီးနောက် နာရီပိုင်းအတွင်း စစ်အာဏာရှင်အုပ်စု၏ လူမဆန်စွာ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါသည်။ ရဲဘော် ဇေယျာလင်း (ခ) ရဲဘော် အဂ္ဂသည် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းနိုင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေး လုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရမှုအတွက် ကျွန်ုတို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြို့နယ် ပကဖ) အနေဖြင့် မိသားစု နှင့် ထပ်တူ များစွာ ဝမ်းနည်းပူဆွေးရပါသည်။ အထူးအထူး နှမျောတသ ဖြစ်ရပါသည်။ ရဲဘော်သည် မြန်မာ့နွေဦး တော်လှန်ရေးကာလ မုံရွာနယ်မြေ၏ ရဲရင့်စွာ တော်လှန်ခဲ့သော အာဇာနည်တစ်ဦး အဖြစ် ကျွန်ုပ်တို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြို့နယ် ပဖက) မှ ဂုဏ်ယူစွာ မော်ကွန်းတင်လိုက်သည်။ ရဲဘော်ရေ … ရဲဘော် လျှောက်ခဲ့တဲ့ခရီး၊ ရဲဘော်ရဲ့ တည်ဆောက်လိုစိတ် ပြင်းပြစွာရှိခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် တော်လှန်ရေးလုပ်ငန်းများကို ကျွန်ုပ်တို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြို့နယ် ပကဖ) ရဲဘော်များအနေဖြင့် ဆုံးခန်းတိုင် တာဝန် ထမ်းသွားမည်ဟု လေးနက်စွာ ကတိပြုပါသည်” လို့ မုံရွာမြို့နယ် ပကဖ က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ ယခုရက်ပိုင်း မုံရွာမြို့အနီးက ရွာတွေထဲ ဝင်မွှေလုယက် သောင်းကျန်းနေပြီး တွေ့သမျှ ပြည်သူကို ညှဉ်းပန်း သတ်ဖြတ်တာ၊ အိမ်မီးရှို့တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #ပကဖ #ရဲဘော်အဂ္ဂ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ