မတ္တရာနယ်မှာ စစ်အုပ်စုယာဉ်တန်း မိုင်းဆွဲခံရပြီး စကစ (၆)ယောက်သေဟုဆို

မတ္တရာနယ်မှာ စစ်အုပ်စုယာဉ်တန်း မိုင်းဆွဲခံရပြီး စကစ (၆)ယောက်သေဟုဆို

MFP ၊ ဩဂုတ် - ၁၈

မန္တလေးတိုင်း မတ္တရာနယ်ထဲက ညောင်ငုတ်တိုရွာနဲ့ ကျောက်ဆည်လေးရွာကြားမှာ ဩဂုတ်လ (၁၇)ရက်နေ့က ယာဉ် (၈)စီးပါတဲ့ စစ်အုပ်စုယာဉ်တန်းကို ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ နတ်ဆိုး မြေအောက်တော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အဲဒီစစ်ကားတွေဟာ မတ္တရာနယ်ထဲမှာ ဝင်ရောက်မွှေနှောက်ဖို့ ရောက်လာတာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် စကစ (၆)ယောက် သေဆုံးခဲ့ကာ ကားတစ်စီး ပျက်စီးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း အများကြီး ရှိတယ်လို့ ဆိုပါတယ်။

နတ်ဆိုး မြေအောက်တော်လှန်ရေးတပ်ဖွဲ့ဟာ ဩဂုတ်လ (၁၄)ရက် မနက်ပိုင်းကလည်း ရွာစဉ်ထိုးမွှေနှောက်သောင်းကျန်းဖို့ လာတဲ့ အယောက် (၃၀)ကျော်ပါ စစ်အုပ်စုကို မတ္တရာမြို့နယ် တောင်ကန်ရွာနဲ့ မြှောင်းဦးရွာချင်းဆက် တံတားမှာ ပဒေသာမိုင်း လေးလုံးတွဲနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့အတွက် တစ်ပွင့်ဗိုလ်အပါအဝင် စကစ (၄)ယောက် သေဆုံးပြီး (၃)ယောက် ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မတ္တရာ #ရွာစဉ်ထိုးမွှေနှောက်သောင်းကျန်း #မိုင်းဆွဲတိုက်ခိုက် #ပဒေသာမိုင်း

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ