ဆားလင်းကြီးမှာ အရက်ထွက်ဝယ်တဲ့ စကစ နှစ်ယောက် အစစ်ဆေးမခံလို့ ပစ်ခတ်ရာက သေဆုံး၊

ဆားလင်းကြီးမှာ အရက်ထွက်ဝယ်တဲ့ စကစ နှစ်ယောက် အစစ်ဆေးမခံလို့ ပစ်ခတ်ရာက သေဆုံး၊

MFP ၊ နိုဝင်ဘာ - ၁၁

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ မုံရွာ - ပုသိမ်လမ်းပေါ်မှာ ယမန်နေ့ ညနေပိုင်းက အရက်ထွက်ဝယ်တဲ့ စကစနှစ်ယောက်ကို ဒေသကာကွယ်ရေး တပ်ဖွဲပတွေက တားဆီးစစ်ဆေးချိန် အစစ်အဆေးမခံဘဲ ထွက်ပြေးတဲ့အတွက် ပစ်ခတ်ရာ စကစ နှစ်ယောက် သေတယ်လို့ ချင်းတွင်း ဂဠုန်ရာဇာ - CGYDF က သတင်း ထုတ်ပြန်ပါတယ်။

တန်ဆောင်မုန်းလပြည့်ဖြစ်တဲ့ နိုဝင်ဘာ(၇)ရက် ညနေပိုင်းက ဆားလင်းကြီးနယ် မုံရွာ - ပုသိမ်လမ်းပေါ်မှာ CGYDF ၊ Triple Two Task Force နှင့် Monywa Tryst of Force – MOTM တို့ ပူးပေါင်းပြီး လုံခြုံရေးအရ စစ်ဆေးနေချိန် အရက်လာဝယ်တဲ့ စကစနှစ်ယောက်ကို တွေ့ရှိပြီး တားဆီးစစ်ဆေးရာက အစစ်အဆေးမခံတဲ့အတွက် ပစ်ခတ်ခံရပြီး သေဆုံးတာလို့ ဆိုပါတယ်။

“မအလရဲ့ ကျွန်သဘောက်လ လောက်ကောင် ရဲခွေး နှစ်ကောင်မှာ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော ပြည်သူ့ကာကွယ်ရေး ရဲဘော်များ၏ စစ်ဆေးဆောင်ရွက်‌နေမှုအား အသာတကြည် မလိုက်နာဘဲ ရုန်းရင်းဆန်ခတ်ဖြင့် ပြန်လည်ခုခံမှုကြောင့် အကြမ်းဖက် စစ်ကောင်စီ အာဏာရူးတို့ သွားရာ မရဏလမ်းသို့ ရောက်ရှိသွားပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်” လို့ CGYDF က ဖော်ပြပါတယ်။

မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခ ထဲမှာ တန်ဆောင်တိုင်ညက ခိုးရာပါ ပစ္စည်းတွေ ခွဲဝေရယူကာ စကစတွေ အောင်ပွဲခံ သောက်စားပျော်ပါးခဲ့ကြပြီး နမခ လက်အောက်က တခြားသော စစ်အုပ်စုရဲ့ အထိုင်ချ စခန်းတွေမှာလည်း ခိုးရာပါ ပစ္စည်းတွေနဲ့ အောင်ပွဲခံ သောက်စားပျော်ပါးနေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တန်ဆေင်တိုင် ညမှာ ဝက်လက်မြို့နယ် ရှိမ်းမကားရဲစခန်းထဲက စစ်အုပ်စုတွေ ခိုးရ့ာပါ ပစ္စည်းတွေနဲ့ အောင်ပွဲခံ သောက်စားပြီး မူးရူးရမ်းကားကာ လူနေအိမ်တွေကို လက်နက်ကကြီးနဲ့ထုးလို့ ရှိမ်းမကားရွာက နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ အိမ်မီးလောင်ပြီး မိခင်သေဆုံးသလို သုံးနှစ်အရွယ် ကလေးငယ် အပါအဝင် မိသားစုဝင် သုံးဦး အပြင်းအထန် ဒဏ်ရာရခဲ့ပါသေးတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #မုံရွာ #ဆားလင်းကြီး #PDF #စစ်ဆေ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ