မန္တလေး ဘုရားကြီးအနီးက မိုင်တဲတာဝါတိုင်အစောင့် စစ်အုပ်စုကို လျက်ဆားကျွေး၊ ဘန်ကာပေါ် ကျရောက်ပေါက်ကွဲပြီး စကစတွေ အထိအခိုက် ရှိနိုင်၊

မန္တလေး ဘုရားကြီးအနီးက မိုင်တဲတာဝါတိုင်အစောင့် စစ်အုပ်စုကို လျက်ဆားကျွေး၊ ဘန်ကာပေါ် ကျရောက်ပေါက်ကွဲပြီး စကစတွေ အထိအခိုက် ရှိနိုင်၊

MFP ၊ အောက်တိုဘာ - ၁၅

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မဟာမုနိဘုရားကြီးအနီး၊ (၈၆)လမ်း ရွှေတချောင်းပေါ်က မင်းအောင်လှိုင်သားပိုင်တဲ့ မိုင်တဲတာဝါတိုင်ကို အစောင့်ကျနေတဲ့ စစ်အုပ်စုကို လိုက်လုပ်မိုင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘန်ကာပေါ် ကျရောက်ပေါက်ကွဲပြီး စကစတွေ အထိအခိုက် ရှိနိုင်တယ်လို့ Mandalay UG Wolf ARMY က ဆိုပါတယ်။

ဒီနေ့ အောက်တိုဘာ (၁၅)ရက် ညနေ(၅)နာရီခွဲကျော်က မန္တလေးမြို့၊ (၈၆)လမ်း၊ (၄၇)လမ်းနှင့် (၄၈)လမ်းကြားက မင်းအောင်လှိုင်သား ပိုင်တဲ့ မိုင်တဲတာဝါတိုင်ကို စောင့်ပေးနေရတဲ့ စကစတွေကို Mandalay UG Wolf ARMY နှင့် Mandalay Rangers တို့ ပူးပေါင်းပြီး လျှက်ဆားပုလင်း ပစ်ကျွေးခဲ့တာလို့ ဆိုပါတယ်။

"မိုင်တဲ တာဝါတိုင်အား ကင်းပုန်းဝပ်နေသော စခများ ချောင်းဆိုးနေပါသဖြင့် လျက်ဆားတစ်ပုလင်း သွားပို့ပေးခဲ့သည်။ ဘန်ကာ တည့်တည့်ကျ။ စခများ နှစ်ချက် ပြန်ပစ်။ မစ်ရှင်အောင်မြင်ပြီး ရဲဘော်များ အန္တရာယ်ကင်းပါတယ်" လို့ Mandalay UG Wolf ARMY က ဆိုပါတယ်။

မင်းအောင်လှိုင်သားပိုင်တဲ့ တာဝါတိုင်ကို စောင့်ပေးနေရတဲ့ စကစတွေ ဗုံးထုခံရပြီးနောက် အနီးအနား အမှတ်(၁၀)ရဲစခန်းက စကစတွေ ရောက်လာပြီး လမ်းပိတ်ကာ ပြည်သူကို အော်ဟစ်ဆဲဆို စစ်ဆေးသောင်းကျန်းနေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက လမ်းပိတ်ပြီး စစ်ဆေးသောင်းကျန်းနေတယ်လို့ မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ MDY Revolution ကလည်း ဖော်ပြပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MandalayUGWolfArmy #MandalayRangers 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ