MFP ၊ သြဂုတ် - ၂၅
ယခင် စစ်အာဏာရှင်တွေက ပုဂံဒေသ ဘုရားတွေကို ပြုပြင်ခဲ့သလို လက်ရှိ အာဏာသိမ်း စစ်အုပ်စုကလည်း နှစ်(၁၅၀)ကျော် သက်တမ်းရှိ မန္တလေး နန်းမြို့ရိုးကို သြဂုတ်(၂၀)ရက်က စတင်ပြီး ထင်တိုင်းကျဲ ပြုပြင် နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အာဏာသိမ်း စစ်အုပ်စုက မန္တလေး နန်းမြို့ရဲ့ တောင်ဘက်နှင့် အရှေ့ဘက်ခြမ်းလို့ ယူဆရတဲ့ နေရာတွေက နန်းမြို့ရိုး ပြအိုးတွေကို တူးဖော်ဖြိုဖျက် ပြုပြင်နေတာ ဖြစ်ပါတယ်။
“နန်းမြို့ရိုး တည်ဆောက်စဉ်က ပြအိုးတအိုးတိုင်းမှာ ရွှေအစစ်၊ ကျောက်မျက်ရတနာ အစစ်တွေ မြုပ်ပြီး တည်တာဆိုတဲ့ ယုံတမ်းစကားတွေ ရှိတော့ အဲ့တာတွေ ရှိမယ်ထင်ပြီး တူးတာ ဖြစ်မယ်”လို့ မန္တလေး မြို့ခံ တစ်ဦးက မှတ်ချက်ပြုပါတယ်။
(၁၆၃)နှစ် သက်တမ်းရှိပြီးဖြစ်တဲ့ မန္တလေးနန်းမြို့ရိုးကို ကြံ့ခိုင်မှုရှိစေဖို့ ပြုပြင်ထိန်းသိမ်းတာလို့ စစ်လော်ဘီတွေကတော့ သတင်းဖြန့်ပါတယ်။
နန်းမြို့ရိုး ပြုပြင်ဖို့ မောင်ကို ဦးဆောင်တဲ့အဖွဲ့က အနီးကပ်ကြီးကြပ်ပြီး စစ်အုပ်စု သစ္စာခံ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက အင်ဂျင်နီယာတွေ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် မြန်မာနိုင်ငံ မြေငလျင်ကော်မတီက စစ်ကောင်စီ သစ္စာခံတွေရဲ့ အကြံပြုချက်တွေအတိုင်း လုပ်ဆောင်တာလို့လည်း စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။
မန္တလေးနန်းမြို့ရိုး ပြုပြင်ထိန်းသိမ်းဖို့ နှစ်စဉ် ရန်ပုံငွေချထားပေးနေပြီး ယခု ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်မှာ ပျက်စီးနေတဲ့ ပြာသာဒ်လတ်နှင့် ပြကလေးပြာသာဒ်တွေကို ပြုပြင်မှာလို့လည်း စစ်လော်ဘီတွေက ဆိုပါတယ်။
လက်ရှိမှာ မန္တလေးနန်းမြို့ရိုး ပတ်လည်မှာ ဘုံခုနှစ်ဆင့်၊ ဘုံငါးဆင့် ပြာသာဒ်ကြီး (၁၂)ဆောင်နှင့် ပြာသာဒ်ငယ် (၃၂)ဆောင် ရှိတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုက မန္တလေး နန်းမြို့ရိုး ပြအိုး၊ ပြဿဒ်တွေကို ပြုပြင်မယ်ဆိုပြီး ဖြိုဖျက်နေစဉ်/Photo – S
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #နန်းမြို့ရိုး #ပြအိုး #ပြဿဒ်