ငါန်းဇွန် မြို့သာက KTV မှာ နှပ်နေတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရာ စကစ ကိုးယောက် ထိခိုက်သေဆုံး၊ ပြည်သူ့ရဲဘော်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရ၊

ငါန်းဇွန် မြို့သာက KTV မှာ နှပ်နေတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရာ စကစ ကိုးယောက် ထိခိုက်သေဆုံး၊ ပြည်သူ့ရဲဘော်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရ၊

MFP ၊ အောက်တိုဘာ - ၃၀

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်အနီး ဖွင့်လှစ်ထားတဲ့ KTV မှာ ဆက်ကြေးတောင်းရင်း သောက်သားပျော်ပါးနေတဲ့ စစ်အုပ်စုကို မနေ့က ညနေ(၅)နာရီကျော်အချိန် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်ခဲ့ရာ ဒု-ရဲအုပ် ရာဇာဝင်းမြင့် အပါအဝင် စကစ ကိုးယောက် ထိခိုက်သေဆုံးတယ်လို့ TGYR - Youth Guerrilla Counter Revolution (LPDF) က သတင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ(၂၉)ရက် ညနေ(၅)နာရီမှာ မြို့သာစက်မှုဇုန်အနီး ဖွင့်လှစ်ထားတဲ့ KTV မှာ ဆက်ကြေးကောက်ရင်း သောက်စားပျော်ပါးနေတဲ့ စစ်အုပ်စုကို TGYR-Youth Guerrilla Counter Revolution(LPDF)၊ Myit Nge People Defence Force-MN PDF၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့နှင့် မာန်စွယ်ကျား ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"မြို့သာစက်မှု တစ်နေရာမှာ ဖွင့်လှစ်ထားသော "ဝါဆိုဦး" KTV တွင် ခွေးများ အာသာဖြေနေချိန် အခွင့်ကောင်းကို အသုံးချ၍ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပါသည်။ KTV ဝန်ထမ်းများကို အထိအခိုက် မရှိအောင် ဆောင်ရွက်ခဲ့ပြီး ငါန်းမြာကြီး ဒု-ရဲအုပ် ရာဇဝင်းမြင့် အပါအဝင် နောက်ပါ ရဲတပ်သား ကိုးဦး တို့ကို ငရဲပြည်သို့ ပို့ဆောင်ပေးခဲ့ပါသည်။ လျှက်ဆားပုလင်းနှင့်အတူ ငရုတ်သီးတောင့်ဖြင့် ဖောင်ဒိုင်းကြွေးပြီး အမြန်ဆုံး ပို့ဆောင်ပေးခဲ့ပါသည်။ ကျွန်ုပ်တို့ TGYR ရဲဘော်နှင့်အတူ မဟာမိတ် ရဲဘော်တစ်ဦး မစိုးရိမ်ရ ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့ပါသည်" လို့ TGYR က ဖော်ပြပါတယ်။

စစ်အုပ်စုဘက်က သတင်းဖြန့်ရာမှာတော့ KTV မှာ သောက်စားပျော်ပါးနေတဲ့ စကစတွေ တိုက်ခိုက်ခံရတာ မှန်ပေမယ့် တစ်ယောက်သာ သေပြီး ငါန်းမြာကြီး ရဲစခန်းက ဒု-ရဲအုပ် ရာဇဝင်းမြင့် ကတော့ ပေါင်မှာ သေနတ်ထိတယ်လို့ သတင်းဖြန့်ထားပါတယ်။

KTV တစ်ခုမှာ တွေ့ရတဲ့ စကစ ဇော်မင်းထွန်းနှင့် အပေါင်းအပါတချို့/Photo - S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #ငါန်းဇွန် #မြို့သာ #KTV #ငါန်းမြာကြီး 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ