ငါန်းဇွန်နယ်က ပျူခေါင်းဆောင် တုတ်ကလေး ရှင်းလင်းခံရ

ငါန်းဇွန်နယ်က ပျူခေါင်းဆောင် တုတ်ကလေး ရှင်းလင်းခံရ

MFP ၊ ဩဂုတ် - ၂၄

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် မြေတိုင်းကျေးရွာက စစ်အုပ်စုဩဇာခံ ပျူစောထီးခေါင်းဆောင်ဆိုသူ တုတ်ကလေးကို ဒီနေ့ ဩဂုတ် (၂၄)ရက် မနက် တစ်နာရီခွဲမှာ ရှင်းလင်းခဲ့တယ်လို့ နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ရပ်ရွာထဲက တော်လှန်ရေးရဲဘော်တွေရဲ့ သတင်းတွေကို စစ်အုပ်စုကို ပေးပို့နေသူဖြစ်တာကြောင့် သူ့ရဲ့နေအိမ်မှာ သွားရောက်ရှင်းလင်းခဲ့တာဖြစ်ပြီး ပြည်သူတွေအနေနဲ့ စစ်အုပ်စု၊ ပျူစောထီးတို့ရဲ့ အနီးကပ်မှာ နေထိုင်ခြင်းမပြုကြဖို့ မေတ္တရပ်ခံထားပါတယ်။

နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ့ဟာ မြင်းခြံခရိုင်အတွင်းက စစ်အုပ်စုကို အခြားသော မဟာမိတ်ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ခိုက်ရှင်းလင်းနေတဲ့ အဖွဲ့တစ်ခု ဖြစ်ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ငါန်းဇွန် #ပျူစောထီး 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ