ပုလဲမှာ ရွာမီးရှိ့တဲ့ စစ်အုပ်စုကို အနီးကပ် တိုက်ခိုက်ရာ စကစ ငါးယောက် သေပြီး (၃၀)ကျော်ထိ၊ စစ်အုပ်စုက မွေ့တုံရွာကို သုံးကြိမ်မြောက် လုယက် မီးရှို့၊

ပုလဲမှာ ရွာမီးရှိ့တဲ့ စစ်အုပ်စုကို အနီးကပ် တိုက်ခိုက်ရာ စကစ ငါးယောက် သေပြီး (၃၀)ကျော်ထိ၊ စစ်အုပ်စုက မွေ့တုံရွာကို သုံးကြိမ်မြောက် လုယက် မီးရှို့၊

MFP၊ စက်တင်ဘာ - ၁၃

စစ်ကိုင်းတိုင်း၊ ပုလဲနယ် မွေ့တုံရွာထဲ ဝင်မွှေလုယက် မီးရှိဖျက်ဆီးပြီး ပြန်ထွက်လာတဲ့ စစ်အုပ်စုကို ဒီမနက်ပိုင်း ဒေသကာကွယ်ရေး တပ်တွေက အနီးကပ် ပစ်ခတ်တိုက်ခဲ့ရာ စကစ ငါးယောက် သေပြီး (၃၀)ကျော် ဒဏ်ရာ ရသွားတယ်လို့ ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

ဒီကနေ့ စက်တင်ဘာ (၁၃)ရက် မနက်ပိုင်းက မွေ့တုံရွာထဲ သုံးကြိမ်မြောက်အဖြစ် ဝင်မွှေလုယက် မီးရှိဖျက်ဆီးပြီး ပြန်ထွက်လာတဲ့ အင်အား (၁၈၀)ခန့်ပါ စစ်အုပ်စုကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက အနီးကပ် စောင့်ကြိုပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့သလို ရှေ့ထွက်မိုင်းတွေနဲ့ပါ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ကျေးရွာတွင်းမှ ခွေးစာများကို အဆိပ်ခတ် တိုက်ခိုက်မှူတို့ကြောင့် မြိုပေါ်တွင် ဗိုလ်အောင်ဒင် သီချင်းဖွင့်ကာ မိုက်ကြေးခွဲ နေသော စကစ (၃၀)ယောက် ဒဏ်ရာရရှိကာ ငါးယောက် နေရာတွင် ပွဲချင်းပြီး သေဆုံး သွားခဲ့ပါတယ်" လို့ ကျားသစ်နက် တပ်ဖွဲက ဖော်ပြပါတယ်။

တိုက်ခိုက်ခံရပြီး အထိနာသွားတဲ့ စစ်အုပ်စုကို ပုလဲမြိုကနေ ဖောကားတွေနဲ့ လာသယ်သွားတယ်လို့ ဆိုပါတယ်။

ပုလဲနယ်ထဲ ရွာစဉ်ပတ်မွှေ လုယက်သောင်းကျန်း မီးရှို့နေတဲ့ စစ်အုပ်စုဟာ မွေတုံရွာကို သုံးကြိမ်မြောက် လုယက် မီးရှိတာဖြစ်ပြီး ယခင်က ဇန်နဝါရီမှာ တစ်ကြိမ်၊ မတ်လအတွင်းမှာ တစ်ကြိမ် မီးရှိဖျက်ဆီး ခဲ့ပါသေးတယ်။

ဒီနေ့ မွေ့တုံရွာထဲ မီးရှို့ဖျက်ဆီးမှုနှင့် ပတ်သက်ပြီး စစ်အုပ်စု သောင်းကျန်းနေဆဲမို့ ပျက်စီးမှု အသေးစိတ် အခြေအနေတွေ မသိရသေးဘူးလို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #ပုလဲ #မွေ့တုံရွာ #ကျားသစ်နက် 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ