ကလေးဒေသ PHO-KALAY ဆေးအဖွဲ့က ဒေသခံတွေကို နယ်လှည့် ဆေးကုပေး၊

ကလေးဒေသ PHO-KALAY ဆေးအဖွဲ့က ဒေသခံတွေကို နယ်လှည့် ဆေးကုပေး၊

MFP ၊ စက်တင်ဘာ - ၂၀

စစ်ကိုင်းတိုင်း ကလေးမြို့နယ် အခြေပြု PHO-KALAY ဆေးအဖွဲ့က လူထု ကျန်းမာရေး စောင့်ရှောက်မှုအဖြစ် ကလေးနယ်အတွင်းက ကျေးရွာတွေကို လှည့်လည်ကာ ဆေးကုသပေးနေပြီး လာမယ့် စက်တင်ဘာ (၂၅)ရက်မှာလည်း ဆက်လက်ပြီး နယ်လှည့် ဆေးကုပေးမယ်လို့ People Health Organization-Kalay - PHO-KALAY ဆေးအဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။

PHO-KALAY ဆေးအဖွဲ့ အနေနဲ့ စက်တင်ဘာ(၁၅)ရက်ကနေ (၁၇)ရက်အထိ သုံးရက်အတွင်း နယ်လှည့်ပြီး ဒေသခံပြည်သူ (၁၈၆)ဦးကို ဆေးဝါးကုသပေးခဲ့တယ်လို့ ဆိုပါတယ်။

“စက်တင်ဘာ(၂၅)ရက်တွင်လည်း ကျန်ရှိနေသေးသော ရပ်ရွာများသို့ ပြည်သူ့ ကျန်းမာရေး ဆောင်ရွက်ရန် ထပ်မံ လှည့်လည်မည်ဖြစ်ပါသည်။ ထို့ကြောင့် ပြည်သူတို့၏ ကူညီမှုဖြင့် ဆေးဝါး အထောက်အကူ ရနိုင်ရန်လည်း PHO-KALAY အနေဖြင့် မျှော်လင့်မိပါသည်” လို့ PHO-KALAY ဆေးအဖွဲ့က ဖော်ပြပါတယ်။

PHO-KALAY ဆေးအဖွဲ့ဟာ ဒေသခံ ပြည်သူနှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကို ဆေးကုသပေးနေတဲ့ အဖွဲ့ ဖြစ်ပြီး ကလေးဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - PDF Kalay ရဲ့ မတည်မှုနဲ့ စတင် ဖွဲ့စည်းထူထောင်ခဲ့တာ ဖြစ်တယ်လို့ ကလေးဒေသ သတင်းတွေ တင်ဆက်နေတဲ့ Voice Of Kalay – VOK က ဖော်ပြပါတယ်။

လက်ရှိမှာ ဆေးဝါးတွေ ဈေးမြင့်တက်နေတာကြောင့် တတ်နိုင်တဲ့ ပြည်သူတွေ အနေနဲ့ PHO – KALAY ဆေးအဖွဲ့ကို ဆေးဝါးကုညီ ထောက်ပံ့ကြဖိုွှလည်း မေတ္တာရပ်ခံထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကလေး #ဆေးအဖွဲ့ #PHO_Kalay

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ