တစ်နှစ်အတွင်း နွေဦးတော်လှန်ရေး အဆုံးသတ်မယ်လို့ NUG ဝန်ကြီး ဦးရည်မွန် ပြော၊

တစ်နှစ်အတွင်း နွေဦးတော်လှန်ရေး အဆုံးသတ်မယ်လို့ NUG ဝန်ကြီး ဦးရည်မွန် ပြော၊

MFP၊ စက်တင်ဘာ - ၇

ရန်သူကို အချိန်ပေးလို မရတော့တာကြောင့် လာမယ့် တစ်နှစ်အတွင်း နွေဦးတော်လှန်ရေးကို အပြီးအပြတ် အဆုံးသတ်တော့မယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေး ဝန်ကြီးဌာန (MOD) ဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ စက်တင်ဘာ (၇)ရက်မှာ ကျရောက်တဲ့ ပြည်သူ့ခုခံစစ် တစ်နှစ်ပြည့် မိန့်ခွန်းမှာ ဝန်ကြီး ဦးရည်မွန်က အထက်ပါအတိုင်း ထည့်သွင်း ပြောကြားတာ ဖြစ်ပါတယ်။

"ရှေ့လာမယ့်နှစ်ကတော့ တော်လှန်ရေးအတွက် အထူးအရေးကြီး လိမ့်မယ်။ ရန်သူကို အချိန်ပေးလို မရတော့ဘူးဆိုတာ သေချာတယ်။ ဒီ့အတွက် အမျိုးသားညီညွတ် ရေးအစိုးရနဲ့ မဟာမိတ်များအားလုံး လာမယ့် တစ်နှစ်အတွင်း တော်လှန်ရေးရဲ့ အဆုံးအဖြတ်ကို ရယူဖို စိတ်ပိုင်း ဖြတ်ထားပြီ ဆိုတာလည်း အသိပေးလိုတယ်။ ငါတိုအားလုံး တသံတည်း ညီပြီး တချီတည်း ရုန်းကြရလိမ့်မယ်"လို့ ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

ပြည်သူ့ခုခံတွန်းလှစ်စစ် ဆင်နွှဲတဲ့ တစ်နှစ်တာအတွင်း သိသာထင်ရှားတဲ့ တိုးတက်မှု၊ အောင်မြင်မှုတွေ ရယူနိုင်ခဲ့သလို အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်ရမယ့် လိုအပ်ချက်တွေ ရှိနေသေးတယ် ဆိုတာကိုလည်း တွေ့နိုင်တယ်လို ဝန်ကြီးက ပြောပါတယ်။

တိုးတက်မှုတွေထဲမှာ PDF ဟာ ရန်သူဘယ်လိုမှ ချေမှုန်းဖို မဖြစ်နိုင်တော့တဲ့ တပ်မတော် အသစ်တစ်ခု အဖြစ် ပေါ်ထွက်ခဲ့ပြီ ဖြစ်ပြီး ရဲဘော်တွေဟာလည်း ဒီတစ်နှစ်အတွင်း တန်ဖိုးမဖြတ်နိုင်တဲ့ စစ်ရေးအတွေ့အကြုံတွေ ရရှိခဲ့တယ်လို့ ဝန်ကြီးက ဆိုပါတယ်။

"အစဉ်အလာကြီးတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ (EROs) တွေဟာ ဒီတော်လှန်ရေးမှာ ထဲထဲဝင်ဝင် ရှေ့ဆောင် ပါဝင်နေကြပြီ ဖြစ်လို့ ရန်သူကို ချေမှုန်းအနိုင်ယူမယ့် ပြည်သူ့တော်လှန်ရေး တပ်ပေါင်းစုကြီး ပေါ် ပေါက်လာခဲ့ပြီလို့လည်း ဆိုရမယ်" လို့ ဝန်ကြီးက မှတ်ချက်ပြုပါတယ်။

“အထူးသဖြင့် ငါတိုအားလုံး ဦးညွှတ်အလေးပြုရမှာက ငါတိုပြည်သူတွေရဲ့ ဂုဏ်ရောင်ပြောင်တဲ့ တော်လှန်ရေး စိတ်ဓာတ်ဖြစ်ပြီး စစ်ကောင်စီရဲ့ အကြမ်းဖက်မှု အမျိုးမျိုးကို ကြံ့ကြံ့ခံပြီး တော်လှန်ရေးမှာ သံဓိဌာန်ရှိရှိ ထောက်ခံ ပါဝင်နေတဲ့ ငါတို ပြည်သူတွေကို တော်လှန်ရေးအောင်ပွဲ ရယူပေးခြင်းအားဖြင့်သာ ငါတိုY ကျေးဇူးဆပ်နိုင်ပေလိမ့်မယ်” လို့ ဝန်ကြီးက အမှာပါး ပါတယ်။

နွေဦးတော်လှန်ရေး တစ်နှစ်ကျော်ပြီ ဖြစ်ပေမယ့် NUG အနေနဲ့ တော်လှန်ရေး တပ်ဖွဲတွေ အားလုံးကို လုံလောက်အောင် လက်နက်တပ်ဆင်ပေးနိုင်တာ မရှိသေးဘဲ အဲ့ဒီလို လက်နက်တပ်ဆင်ပေးနိုင်ဖို့ကလည်း ကြီးမားတဲ့ စိန်ခေါ်မှုအဖြစ် ရှိနေဆဲပဲလို့ ဦးရည်မွန်က ဝန်ခံပြောကြားပါတယ်။ လတ်တလော အခြေအနေအရ တော်လှန်ရေး တပ်ဖွဲ့တွေ အားလုံးကို လက်နက် လုံလုံလောက်လောက် တပ်ဆင်ပေးနိုင်ဦးမှာ မဟုတ်သေးဘဲ လက်နက်တပ်ဆင်နိုင်ဖို့ ဘဏ္ဍာရန်ပုံ‌ငွေ ရရှိရေးအတွက် NUG က နည်းလမ်းစုံနဲ့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

"ဒီတစ်နှစ်လုံး ရဲဘော်တို အဓိကေ တာင်းဆိုခဲ့ကြတာက လက်နက် အမြန်ဆုံး တပ်ဆင်ပေးဖို့ပဲ။ ဒါဟာ ရဲဘော်တိုရဲ့ တော်လှန်ရေး စိတ်အားထက်သန်မှုကို ဖော်ပြရာလည်း ရောက်တဲ့အတွက် ငါတို့ အလေးအနက်ထားတယ်။ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန အနေနဲ့ ရန်ပုံငွေ ရရှိမှုအပေါ် မူတည်ပြီး ရနိုင်သမျှ လက်နက်ရှာဖွေဖို၊ ရတဲ့ လက်နက် ရဲဘော်တိုကို အမြန်ဆုံး တပ်ဆင်ပေးနိုင်ဖို သက်ဆိုင်ရာ မဟာမိတ်တွေ၊ စစ်ဒေသတွေနဲ့ ညှိနှိင်းပြီး ဆက်တိုက် ဆောင်ရွက်နေတာ ဖြစ်တယ်။ သို့သော် လက်နက် တပ်ဆင်နိုင်စွမ်းက အကန့်အသတ် ရှိနေသေးတယ်ဆိုတာတော့ ဝန်ခံရမယ်"လို ဦးရည်မွန်က ပြောပါတယ်။

တော်လှန်ရေးအောင်မြင်ဖို ရလာတဲ့ လက်နက်ကို ဗျုဟာမြောက် တပ်ဆင်နိုင်ရေး စီစဉ်ဆောင်ရွက်နေပြီး အခုဆိုရင် ပြည်သူ့ရဲ့ အားပေးထောက်ခံမှုနဲ့အတူ ရန်ပုံငွေ ရရှိမှုဟာလည်း တိုးတက်နေသလို၊ လက်နက် ခဲယမ်းမီးကျာက် ရှာဖွေရရှိမှုဟာလည်း ပိုပြီး လမ်းပွင့်လာပြီလို ဝန်ကြီးက အသိပေးပါတယ်။

“အခုဆိုရင် တော်လှန်ရေးကာလ တစ်နှစ်အတွင်း လိုအပ်တဲ့ Chain of Command တည်ဆောက်မှုကို ကွက်ပြည့်နီးပါး ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်သလို ခရိုင်ကွပ်ကဲရေး အဖွဲတွေ အနေနဲ့ အချိတ်အဆက် မမိသေးတဲ့ ကာကွယ်ရေး အဖွဲတွေကို မြေပြင်မှာ တွေ့ဆုံပြီး ခရိုင်အလိုက် စုစည်းမှု ပုံစံကို ရှင်းပြပြီးရင် အားလုံး အတူတကွ လက်တွဲ ပူးပေါင်းဆောင်ရွက်ရေး ကြိုးပမ်းနေတယ်” လို့ ဦးရည်မွန်က ဆိုပါတယ်။

တော်လှန်ရေး တပ်ဖွဲ့တွေ အနေနဲ့ တစ်ယောက်တစ်ပေါက်၊ တစ်ကွဲတပြားစီ လုပ်နေသမျှ တော်လှန်ရေး အမြန်အောင်ဖို မမျှော်လင့်နိုင်တာကြောင့် အားလုံးရဲ့ စုစည်းညီညွတ်မှုသည်သာ တော်လှန်ရေးရဲ့ အသက်ဖြစ်တယ်ဆိုတာ သဘောပေါက်ခံယူကြဖို့ ဝန်ကြီးဦးရည်မွန်က တိုက်တွန်း ပြောကြားသွားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #NUG #MOD #ဦးရည်မွန် #နွေဦးတော်လှန်ရေး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ