(၁၅) ရက်အတွင်း အလှူငွေ ကျပ်သိန်းလေးရာကမ်ပိန်း MDY-PDF ပြုလုပ်

(၁၅) ရက်အတွင်း အလှူငွေ ကျပ်သိန်းလေးရာကမ်ပိန်း MDY-PDF ပြုလုပ်

MFP ၊ ဩဂုတ် - ၂၆

တော်လှန်ရေးရဲဘော်တွေ အသုံးပြုနိုင်ဖို့ အမှန်တကယ် လိုအပ်နေတဲ့ အရှည် နှစ်ချောင်း ဝယ်ယူနိုင်ဖို့အတွက် “နိုင်အောင်လည်းလှူ၊ နိုင်အောင်လည်းကူ” Campaign မှာ ပါဝင်ပေးကြဖို့ ဗိုလ်နက္ခတ်ရဲ့ MDY-PDF က ပြောပါတယ်။

ဩဂုတ်လ (၂၆)ရက်ကနေ စက်တင်ဘာလ (၉)ရက်အထိ (၁၅)ရက်အတွင်း မျှော်မှန်းအလှူငွေ ကျပ်သိန်း လေးရာ ရရှိဖို့အတွက် ပြည်သူတွေကို အသိပေးတာဖြစ်ပြီး Page ကနေဆက်သွယ်နိုင်သလို NUG Pay နဲ့လည်း လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ MDY-PDF ရဲဘော်တွေဟာ မြို့ပြပြောက်ကျားစစ်ဆင်ရေးများအပြင် ရှေ့တန်းတိုက်ပွဲတွေကိုလည်း မဟာမိတ်ညီနောင်တွေနဲ့ လက်တွဲပြီး တိုက်ပွဲဝင်နေကြတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲတွေမှာ ပါဝင်နိုင်အောင် ထောက်ပံ့ကူညီပေးခဲ့တဲ့ မိဘပြည်သူများကို အထူးကျေးဇူးတင်ပြီး အခုပြုလုပ်တဲ့ ကျပ်သိန်းလေးရာ ကမ်ပိန်းမှာလည်း ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကျပ်သိန်းလေးရာကမ်ပိန်း #MDY-PDF #ဗိုလ်နက္ခတ် 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ