တောင်ပြုံးပွဲ လာရောက်သူတွေကို စစ်အုပ်စုက လမ်းပိတ်ပြီး ငွေညှစ်နေ၊ အစဉ်အလာအရ မဖြစ်မနေ လာရမယ့်သူတွေ တောင်ပြုံးကို လာရောက်လည်ပတ်ဟုဆို၊

တောင်ပြုံးပွဲ လာရောက်သူတွေကို စစ်အုပ်စုက လမ်းပိတ်ပြီး ငွေညှစ်နေ၊ အစဉ်အလာအရ မဖြစ်မနေ လာရမယ့်သူတွေ တောင်ပြုံးကို လာရောက်လည်ပတ်ဟုဆို၊

MFP ၊ သြဂုတ် - ၅

မန္တလေးတိုင်း မတ္တရာမြို့နယ် တောင်ပြုံးရွာမှာ ကျင်းပနေတဲ့ တောင်ပြုံးပွဲတော် လာရောက် လည်ပတ်သူတွေကို စစ်အုပ်စုက ကားလမ်းပိတ်ဆို့ကာ လက်နက်ပြ ငွေညှစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုက တောင်ပြုံးပွဲတော် အဝင်အထွက် လမ်းတွေကို ပိတ်ဆို့ထားပြီး ဆိုင်ကယ်တစ်စီး ကျပ်(၅၀၀)ပေးမှ ဝင်ထွက်ခွင့် ပေးတယ်လို့ ကိုယ်တိုင်ကြုံခဲ့သူတွေက ပြောကြောင်း မန္တလေး မြေပြင်သတင်းတွေ တင်ဆက်နေတဲ့ Voice of Mandalay က ဖော်ပြပါတယ်။

May be an image of 5 people, motorcycle and outdoors

“တောင်ပြုံးထဲ ဝင်သမျှ ဆိုင်ကယ်များကို စခများက လမ်းပိတ်ထားပြီး ဝင်ကြေး (၅၀၀)၊ ထွက်ကြေး (၅၀၀) ဆိုပြီးတောင်းတယ်လို့ ပြန်လာသူများမှ ရင်နာနာနဲ့ သတင်းပေးပို့ လာပါတယ်။ အပ်ခကလည်း သပ်သပ်ပေးရတယ်လို့ သိရ။ အရင်နှစ်တွေက မပေးရဘူး၊ ဒီနှစ်မှ ပေးရတယ်လို့ ပြန်လာသူများထံမှ သိရ” လို့ Voice of Mandalay က ဆိုပါတယ်။

တောင်ပြုံးပွဲတော်ကို ဩဂုတ်(၄)ရက်က စတင်ပြီး ဩဂုတ်(၁၁)ရက်အထိ ကျင်းပနေတာ ဖြစ်ပါတယ်။

တောင်ပြုံးပွဲတော်ကို နိုင်ငံတဝန်းက နတ်ကိုးကွယ် ယုံကြည်သူတွေ အပါအဝင် သိန်းနဲ့ချီတဲ့ ပြည်သူတွေ လာရောက်လေ့ ရှိပြီး ကိုဗစ်ကာလ မတိုင်မီ နှစ်တွေက ပွဲတော်ကို လာရောက်လည်ပတ်သူ ကြိတ်ကြိတ်တိုး စည်ကားခဲ့ပေမယ့် ယခုနှစ်မှာတော့ စည်ကားမှု မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

အစဉ်အလာအရ အဖြစ်မနေ လာရောက်ဖို့ လိုအပ်သူတွေသာ တောင်ပြုံးပွဲတော်ကို လာရောက်ကြပြီး စည်ကားမှု မရှိသလို (၁၂)ပွဲ ဈေးသည်တွေလည်း သိပ်မတွေ့ရဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ကိုဗစ်ရောဂါနဲ့ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အခြေအနေတွေကြောင့် ပြီးခဲ့တဲ့ နှစ်တွေအတွင်း တောင်ပြုံးပွဲတော်ကို အစဉ်အလာ သဘောလောက်သာ ကျင်းပခဲ့ရပြီး ဒီနှစ်မှာတော့ စစ်အုပ်စုက တိုင်းပြည်အေးချမ်း တည်ငြိမ်နေသယောက် ပြဖို့ ဇွတ်အတင်း ပြန်လည်ကျင်းပတာ ဖြစ်ပါတယ်။

တောင်ပြုံးပွဲတော် လာရောက်သူတချို့ကို မနေ့က တွေ့ရစဉ်/Photo – S

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တောင်ပြုံးပွဲတော် #မတ္တရာ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ