အရာတော်နယ် ငွေတွင်းရွာ ပျူစခန်းကို စီးနင်းတိုက်ခိုက် သိမ်းပိုက်၊ စကစနဲ့ ပျူ (၁၀)ယောက်ကျော် သေပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့၊

အရာတော်နယ် ငွေတွင်းရွာ ပျူစခန်းကို စီးနင်းတိုက်ခိုက် သိမ်းပိုက်၊ စကစနဲ့ ပျူ (၁၀)ယောက်ကျော် သေပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့၊

MFP ၊ စက်တင်ဘာ - ၁၇

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ငွေတွင်းကျေးရွာမှာ ဒေသခံပြည်သူတွေကို လူသားဒိုင်းကာပြီး အခိုင်အမာ တပ်စွဲထားတဲ့ စစ်အုပ်စုရဲ့ ပျူစခန်းကို စက်တင်ဘာ(၁၅)ရက် မနက်ပိုင်းမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က သတင်း ထုတ်ပြန်ပါတယ်။

စက်တင်ဘာ(၁၅)ရက် မနက်(၄)နာရီကျော်ကနေ (၅)နာရီကျော်အထိ အရာတော်မြို့နယ်၊ စခတ(၁၀) တပ်ရင်းက စစ်အုပ်စုနှင့် ဒေသခံ ပျူတွေ အခိုင်အမာ တပ်စွဲထားတဲ့ ငွေတွင်းကျေးရွာ ပျူစခန်းကို တော်လှန်ရေး တပ်ပေါင်းစုတွေက စီးနင်း ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“စစ်ကောင်စီ တပ်သားနှင့် ပျူစောထီး စုစုပေါင်း(၁၀)ဦး အနည်းဆုံး သေဆုံးပြီး မသေဆုံးသေးဘဲ ဒဏ်ရာ ပြင်းထန်သူများလည်း ရှိနေသေးကြောင်း သိရသည်။ မိမိတို့ ပြည်သူ့ကာကွယ်ရေး တော်လှန်ရေး တပ်ပေါင်းစုများထဲမှ ရဲဘော် သုံးဦး အသေးစား ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သော်လည်း အောင်မြင်စွာ တိုက်ပွဲ ပုံဖော်နိုင်ခဲ့သည်” လို့ အရာတော် ပကဖ က ဖော်ပြပါတယ်။

ငွေတွင်းရွာ ပျူ အခြေစိုက်စခန်းနေရာကို သိမ်းယူမီးရှို့နိုင်ခဲ့ပြီး လက်ပစ်ဗုံး တစ်လုံး၊ ဖုန်း တစ်လုံး၊ ပါဝါဘန့်ခ် တစ်လုံး၊ စစ်လွယ်အိတ် တစ်လုံး နှင့် လောက်လေးခွ တစ်ခု သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ငွေတွင်းကျေးရွာ ပျူစခန်း စစ်ဆင်ရေးကို မုံရွာခရိုင် PDF တပ်ရင်း(၆) ရဲဘော်များ၊ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်း(၇) ရဲဘော်များ၊ M.R.T.F တပ်ဖွဲ့၊ ဇေယျာ(၇) တပ်ဖွဲ့၊ B.R.A တပ်ဖွဲ့၊ သပြေညိုပြောက်ကျားတပ်ဖွဲ့၊ Danger Force တပ်ဖွဲ့၊ A.B.N.P.D.F တပ်ဖွဲ့၊ ပုသိမ်ကြီး ပြည်သူ့ကာကွယ်‌ရေး တပ်ဖွဲ့၊ G.Z.P Mandalay တပ်ဖွဲ့ တို့ ပူးပေါင်း တိုက်ပွဲဝင်ခဲ့တာလို့ ဆိုပါတယ်။

စစ်အုပ်စုဟာ အရာတော်နယ်ထဲက ငွေတွင်း၊ သလဲဘာ စတဲ့ ရွာတွေက ဒေသခံတချို့ကို ပျူတွေအဖြစ် လက်သပ်မွေးကာ လက်နက်တပ်ဆင်ပေးထားပြီး ထင်တိုင်းကျဲ ထင်တိုင်းကျဲ လုယက် သောင်းကျန်း သ-တ်-ဖြတ်စေကာ ခိုးရာပါ ပစ္စည်းတွေကို ခွဲဝေရယူနေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အရာတော် #ငွေတွင်းရွာ #ပျူစခန်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ