မြိုင်နယ်မှာ ရဲကင်းထဲက ထွက်လာတဲ့ စစ်အုပ်စုကို PDF တွေက တိုက်ခိုက်၊ စကစ တစ်ယောက်သေ၊ တစ်ယောက်ဒဏ်ရာရပြီး ထွက်ပြေးသွားလို့ လက်နက်နှင့်ကျည်တွေ သိမ်းဆည်းရရှိ၊

မြိုင်နယ်မှာ ရဲကင်းထဲက ထွက်လာတဲ့ စစ်အုပ်စုကို PDF တွေက တိုက်ခိုက်၊ စကစ တစ်ယောက်သေ၊ တစ်ယောက်ဒဏ်ရာရပြီး ထွက်ပြေးသွားလို့ လက်နက်နှင့်ကျည်တွေ သိမ်းဆည်းရရှိ၊

MFP၊ စက်တင်ဘာ - ၁၅

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲ ရေနံမြေ ရဲကင်းထဲကနေ အပြင်ထွက်လာတဲ့ အင်အား ရှစ်ယောက်ပါ စစ်အုပ်စုကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ရာ စကစ တစ်ယောက်သေကာ တစ်ယောက် ဒဏ်ရာရပြီး ပြန်ထွက်ပြေးသွားလို့ လက်နက်နဲ့ ကျည်တွေ သိမ်းယူ ရရှိခဲ့တယ်လို့ မြိုင်ကျေးရွာများ တော်လှန်ရေးတပ်ဦး - MVRF က သတင်း ထုတ်ပြန်ပါတယ်။

မနေ့ စက်တင်ဘာ(၁၄)ရက်က မြိုင်မြို့နယ် Well 2 ရေနံမြေ ရဲကင်းစခန်းထဲက ထွက်လာတဲ့ စကစ ရှစ်ယောက်ကို ပခုက္ကူခရိုင်တပ်ရင်း အမှတ်(၆) - MVRF နှင့် Eagle Fighter (MVRF အဖွဲဝင်) အဖွဲတို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို ဆိုပါတယ်။

"အဆိုပါ တိုက်ပွဲတွင် ရဲခွေး တစ်ကောင် သေဆုံးပြီး ရဲခွေး တစ်ကောင် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့သည်။ ရဲခွေးများ Well 2 စခန်းအတွင်း ပြန်လည် ထွက်ပြေးသွားခဲ့သည်"လို MVRF က ဖော်ပြပါတယ်။

သေဆုံးတဲ့ စကစ လက်နက်ကိုင်ဟာ ရဲတပ်သား ရှင်းခန့်သူ ဆိုသူ ဖြစ်ပြီး (G-3) သေနတ် တစ်လက်၊ ကျည် (၁၁၅) တောင့်၊ ကျည်ဘောက်အပို တစ်ခုနှင့် ငွေသားတစ်သိန်းကျော် သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ MVRF တပ်ဖွဲ့ဝင် တော်လှန်ရေး ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့ပြီး ကျန်တိုက်ပွဲ ဝင်ရဲဘော်တွေ အထိအခိုက် မရှိခဲ့ဘူးလို ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုဟာ မြိုင်နယ် အပါအဝင် မကွေးတိုင်းထဲ လက်နက်အားကိုးနှင့် ရွာစဉ်ပတ်မွှေ သောင်းကျန်းကာ လူသ-တ်၊ လုယက်၊ အိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ကျူးလွန်နေပြီး ဒေသကာကွယ်ရေး တပ်တွေကလည်း စစ်အုပ်စုကို ပြောက်ကျားနည်းနဲ့ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

မြိုင်နယ်မှာ စကစတွေ တိုက်ခိုက်ခံရပြီး ထွက်ပြေးသွားလို့ MVRF က အလောင်းနှင့် လက်နက် သိမ်းယူရရှိစဉ်/Photo – MVRF

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #မြိုင် #MVRF 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ