ကလေးနယ်တောင်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ကလေး - ဂန့်ဂေါလမ်းပိုင်းကို အသုံးမပြုကြဖို့ PDF-Kalay အသိပေး၊

ကလေးနယ်တောင်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ကလေး - ဂန့်ဂေါလမ်းပိုင်းကို အသုံးမပြုကြဖို့ PDF-Kalay အသိပေး၊

MFP၊ သြဂုတ် - ၂

ကလေးမြို့နယ်တောင်ပိုင်းမှာ ဒီကနေ့မနက်ပိုင်းကစပြီး တိုက်ပွဲးများပြင်းထန်နေတာကြောင့် ကလေး - ဂန့်ဂေါလမ်းမကြီးအား ခရီးသွားလာခြင်းမပြုလုပ်ကြပးရန် ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ကလေး(PDF - Kalay)၊ တပ်ရင်း (၁)က အသိပေးထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ ခြေကျင်စစ်ကြောင်းကို ကလေး PDF နဲ့ မဟာမိတ်တပ်တွေက ကလေး - ဂန့်ဂေါလမ်း ထိုမာရွာနဲ့ သာယာကုန်းရွာကြားမှာ ဒီကနေ့ သြဂုတ် (၂)ရက် မနက်ပိုင်းကစပြီး တိုက်ပွဲတွေဖြစ်နေတာလို့ PDF - Kalay တပ်ရင်း (၁)မှ တော်လှန်ရေးရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။

"GTC က ခြေကျင်နဲ့ထွက်လာတဲ့ စစ်ကြောင်းကို အ ထွက်မှာတင် ကြားဖြတ်တိုက်ခိုက်တာပါ"လို့ အဲဒီရဲဘော်က ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ထိုမာရွာမှာရှိတဲ့ အစိုးရနည်းပညာအထက်တန်းကျောင်း GTC ထဲ ယခင်ရက်တွေထဲက တပ်စွဲထားတာဖြစ်ပြီး ဒီကနေ့မနက်ပိုင်းမှာ ကလေး - ဂန့်ဂေါလမ်းအတိုင်း ခြေကျင် စစ်ကြောင်းထွက်လာတာလို့ PDF - Kalay ထံမှ သိရပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက နည်းလမ်းမျိုးစုံနဲ့ စစ်ကြောင်းထိုးလျှက်ရှိရာ ပြီးခဲ့တဲ့ ဇူလိုင် (၃၀)ရက်ကလည်း ကလေးကနေ တမူးဘက်ကိုထွက်လာတဲ့ စစ်ကားလေးစီး၊ (၁၂)ဘီးကားတစ်စီးနဲ့ ထွက်လာတဲ့ စကစယာဥ်တန်းကို မိုင်တိုင် (၅၆)အနီး PDF - Kalay က သုံးကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ငါးဦးထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရသွားပြီး (၅၆) မိုင်၊ နှင်းဆီခြံအနီးမှ ပြည်သူသုံးဦးနဲ့ စားသောက်ဆိုင်တစ်ဆိုင်မှ ပြည်သူတစ်ဦး ပေါင်းလေးဦးကို စကစတပ်တွေက အကြောင်းမဲ့ ဖမ်းဆီးသွားခဲ့ပါတယ်။

photo- PDF Kalay

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တိုက်ပွဲ # ##MFP

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ