ငါန်းဇွန်နယ်က စစ်ကောင်စီသစ္စာခံ ထွေအုပ်စာရေးလင်မယား ပစ်သတ်ခံရ၊

ငါန်းဇွန်နယ်က စစ်ကောင်စီသစ္စာခံ ထွေအုပ်စာရေးလင်မယား ပစ်သတ်ခံရ၊

MFP ၊ အောက်တိုဘာ - ၁၅

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ဂျွန်းကန်ရွာက စစ်ကောင်စီ သစ္စာခံ ထွေအုပ်စာရေးနဲ့ အမျိုးသမီးဖြစ်သူတို့ အောက်တိုဘာ (၁၄) ရက်မှာ မြို့သာဘက်ကနေ ဈေးဝယ်အပြန် သေနတ်ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ငါန်းဇွန်မြို့နယ်၊ ဂျွန်ကန်ရွာက ထွေအုပ်ရပ်ကျေးစာရေး မင်းဇော်ဦး (၄၃နှစ်)နှင့် ၎င်းရဲ့ ဇနီးဖြစ်သူ Non CDM ကျောင်းဆရာမ ဒေါ်စီစီစိန် (၃၇နှစ်)တို့ နှစ်ဦး ဆိုင်ကယ်စီး သွားလာနေချိန် မြို့သာ - ဂျွန်ကင်း ကျေးရွာချင်းဆက် လမ်းပေါ်မှာ ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးတာလို့ ဆိုပါတယ်။

" စကစကို သတင်းပေးတာတွေ လုပ်တယ်လို့ သိရတယ်။ နှစ်ယောက်စလုံးက ဂျွန်းကန်ကပဲ၊ ကျောင်းဆရာမ ကလည်း အဲရွာက မူလတန်းကျောင်းမှာ လုပ်နေတာ၊ ဘယ်သူပစ်လဲ မသိရဘူး " လို့ ဒေသခံတစ်ဦးက ရှင်းပြပါတယ်။

စစ်ကောင်စီ သတင်းပေးဒလန် ထွေအုပ်စာရေး လင်မယား သေနတ်ပစ်ခံရပြီး သေဆုံးတာ ဟုတ်မှန်ကြောင်း စစ်လော်ဘီတွေကလည်း သတင်းဖြန့်ပါတယ်။

ငါန်းဇွန်မြို့က စစ်ကောင်စီ သစ္စာခံ ထွေအုပ်ဝန်ထမ်းတွေကို စစ်အုပ်စုက အမှိုက်ရှင်းခိုင်းနေစဉ်/Photo - S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ငါန်းဇွန် #ထွေအုပ်စာရေး #သေနတ်ပစ်ခံရ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ