မင်းကင်း MKPDF စခန်းကို စစ်အုပ်စုက ကုန်းကြောင်းနှင့် ရေကြောင်းက နှစ်ဖက်ညှပ်ပိတ် စီးနင်း၊ စခန်း ဆုံးရှုံးပေမယ့် ရဲဘော်တွေ အထိအခိုက် အကျအဆုံးမရှိ၊ ဖရုံကာရွာက အိမ်ခြေ(၃၀)ခန့်ကိုလည်း စစ်အုပ်စုက မီးရှို့ဖျက်ဆီးသွား၊

မင်းကင်း MKPDF စခန်းကို စစ်အုပ်စုက ကုန်းကြောင်းနှင့် ရေကြောင်းက နှစ်ဖက်ညှပ်ပိတ် စီးနင်း၊ စခန်း ဆုံးရှုံးပေမယ့် ရဲဘော်တွေ အထိအခိုက် အကျအဆုံးမရှိ၊ ဖရုံကာရွာက အိမ်ခြေ(၃၀)ခန့်ကိုလည်း စစ်အုပ်စုက မီးရှို့ဖျက်ဆီးသွား၊

MFP ၊ အောက်တိုဘာ - ၁၂

စစ်ကိုင်းတိုင်း အထက်ပိုင်း မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ကမ်းတနေရာရှိ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း (၂)၊ တပ်ခွဲ(၁)၊ တပ်စု(၃)စခန်းကို စစ်အုပ်စုက ကုန်းကြောင်းရော ရေကြောင်းကပါ နှစ်ဖက် ညှပ်ပိတ် စီးနင်းခဲ့ရာ စခန်း ဆုံးရှုံးခဲ့ရတယ်လို့ သတင်း ရရှိပါတယ်။

အောက်တိုဘာ(၁၁)ရက် မနက်ပိုင်းက မငးကင်း MKPDF တပ်ရင်း (၂)၊ တပ်ခွဲ(၁)၊ တပ်စု(၃)စခန်းကို စစ်အုပ်စုက သသ်သေင်္ဘာအသေးတစ်စီး အပါအဝင် အင်အား (၂၀၀)လောက်နဲ့ ကုန်းကြောင်း၊ ရေကြောင်း နှစ်ဖက်ညှပ်ပိတ် စီးနင်းခဲ့တာလို့ ကလေးခရိုင် ၊ အမှတ်(၁၁)တပ်ရင်းလည်း ဖြစ်တဲ့ မင်းကင်း MKPDF -2 က ဖော်ပြပါတယ်။

"မင်းကင်းတပ်ရင်း - ၂ ၊ တပ်ခွဲ - ၁ ၊ တပ်စု - ၃ စခန်းကို စခ၊ပျူ အင်အား(၁၀၀)ခန့်ပါသော ခြေလျင်စစ်ကြောင်း၊ စစ်သင်္ဘောတစ်စီး၊ အမြန်ယာဉ် တစ်စီးနှင့် ခန့်မှန်း အင်အား(၁၀၀)ပါသော စစ်ကြောင်း တို့ နှစ်ဖက်ညှပ်ကာ ပစ်ခတ်၍ တက်လာပါသည်။ လက်နက်၊ လူအင်အားမမျှ၍ တပ်စု စခန်းတစ်ခု ပေးလိုက်ရပါသည်။ ရဲဘော်များ အထိခိုက်မရှိ ဆုတ်ခွာထားရပြီး စခများမှ စခန်းကို မီးရှို့ဖျက်ဆီးနေ" လို့ မင်းကင်း MKPDF -2 က ဖော်ပြပါတယ်။

စစ်အုပ်ုဟာ မင်းကင်း MKPDF -2 ရဲ့ စခန်းကိုသာမက အနီးအနားက ဖရုံကာရွာထဲ ဝင်မွှေလုယက် သောင်းကျန်းပြီး နေအိမ် (၂၈)လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

မင်းကင်းနယ်မှာ အောက်တိုဘာ(၁)ရက်က စတင်ပြီး စစ်အုပ်စုနှင့် မင်းကင်း MKPDF တပ်ရင်း(၂)ကြား တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေပြီး ပြည်သူ့ရဲဘော်တွေအတွက် လက်နက် ခဲယမ်းတွေ လိုအပ်နေတယ်လို့ မင်းကင်း MKPDF -2 က ဖော်ပြပါတယ်။

"စခ၊ ပျူများ စစ်ကြောင်းထိုးနေသဖြင့် ထိတွေ့မှုများ ဆက်လက် ဖြစ်နိုင်သောကြောင့် ဒေသခံပြည်သူများ သတိထား ရှောင်ရှားနေကြပါရန် အသိပေးအပ်ပါသည် ။ တပ်ရင်း(၂)အတွက် လိုအပ်သော လက်နက်ခဲယမ်းများ ပြန်လည်ဖြည့်တင်းနိုင်ဖို့ ပြည်သူများ တတ်နိုင်သမျှ လှူပေးကြပါရန် ကူညီတောင်းခံအပ်ပါသည်" လို့ မင်းကင်း MKPDF -2 က ဆိုပါတယ်။

မင်းကင်းနယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စုဟာ အောက်တိုဘာ(၂)ရက်ကလည်း မင်းကင်းမြို့နယ်၊ တောင်လက်ဒေသ ထုံးမန်းရွာက အိမ်ခြေ(၂၇)လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံ အသက်(၅၀)ကျော်အရွယ် အမျိုးသားတစ်ဦးကို လက်ပြန်ကြိုးတုပ်ကာ ညှဉ်းပန်းနှိပ်စက် သတ်-ဖြတ်သွားတယ်လို့ ဆိုပါတယ်။

မင်းကင်း MKPDF -2 တပ်ဖွဲ့ဝင် ရဲဘော်များ/Photo - MKPDF2

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မင်းကင်း #ချင်းတွင်း #MKPDF 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ