ကြေးနီသယ်ကားတွေကို ကင်းစောင့်ပေးနေတဲ့ ဖက်ဆစ်ရဲ ရှစ်ယောက်ကို မိုင်းဆွဲ၊ သုံးယောက် သေဟုဆို၊

ကြေးနီသယ်ကားတွေကို ကင်းစောင့်ပေးနေတဲ့ ဖက်ဆစ်ရဲ ရှစ်ယောက်ကို မိုင်းဆွဲ၊ သုံးယောက် သေဟုဆို၊

MFP၊ သြဂုတ် - ၂၅

တရုတ်ဝမ်ပေါင်ကုမ္ပဏီကနေ ကြေးနီသယ်ထုတ်မယ့် ကားတန်းကို ကင်းစောင့်ပေးနေတဲ့ ဖက်ဆစ်တပ် လက်အောက်ခံ ရဲရှစ်ယောက်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးယောက် သေတယ်လို ယင်းမာပင်အခြေစိုက် Regional Friend Fighters (RFF)က သတင်း ထုတ်ပြန်ပါတယ်။

ဒီကနေ့ သြဂုတ်(၂၅)ရက် မနက်(၉)နာရီက ယင်းမာပင် ရွှေတောင်ဦး တပ်ကျိုးကုန်းနှင့် ရဲတပ်ရင်း(၂၈)က ထွက်လာတဲ့ ဖက်ဆစ်တပ်ရဲ့ ရဲရှစ်ယောက်က ပုသိမ်-မုံရွာလမ်း၊ မြောက်ယမားတံတားနှင့် ရဲတပ်ရင်း(၂၈) ကြားက မိုင်းကွင်းထဲဝင်လာပြီး မိုင်းရှင်းဖို့ ကြိုးစားနေချိန် ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဖက်ဆစ်တပ်ရဲ့ ရဲရှစ်ယောက် မိုင်းထိပြီး သုံးယောက်သေကာ ကျန်ရဲတွေလည်း ဒဏ်ရာရ သွားတယ်လို RFF က ထုတ်ပြန်ပါတယ်။

"ရခ သုံးကောင် နေရာမှာပဲ သေတယ်ဗျ။ တပ်ရင်း (၂၈) နဲ့ မြောက်ယမား တံတားကြားမှာ တိုက်ခိုက်လိုက်တာပါဗျ" လို့ RFF တပ်ဖွဲ့ဝင် တော်လှန်ရေး ရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို RFF နှင့် Yinmarbin Fighter Brotherhood Guerrilla Army တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို ဆိုပါတယ်။

မိုင်းဆွဲခံရပြီးနောက် ဖက်ဆစ်တပ်က အနီးဝန်းကျင်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းကား ပစ်ခတ် နေတယ်လို့ အထက်ပါ ရဲဘော်က ရှင်းပြပါတယ်။

ဆားလင်းကြီးနယ် ပုသိမ်-မုံရွာ လမ်းတလျှောက်နှင့် တရုတ်ဝမ်ပေါင် စက်ရုံဘက် သွားမယ့် လမ်းပိုင်းတွေမှာ ဖက်ဆစ်တပ်က ကားကြီးနှစ်စီးနဲ့ ကင်းပုန်းချကာ လုံခြုံရေးယူထားပြီး ဒီကနေ့ နေ့လည် (၁၂)နာရီကျော်က စတင်ကာ ကြေးနီတွေ သယ်ထုတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တရုတ်ဝမ်ပေါင် ကုမ္ပဏီရဲ့ ကြေးနီသယ် ကားတစ်စီး/Photo – CJ

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #ဆားလင်းကြီး #ကြေးနီ #လက်ပံတောင်း #ဝမ်ပေါင် #PDF #RFF

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ