မန္တလေးက ဓာတ်ပုံသတင်းထောက်ဟောင်းကို စစ်အုပ်စု ထောင်သုံးနှစ်ချမှတ်

မန္တလေးက ဓာတ်ပုံသတင်းထောက်ဟောင်းကို စစ်အုပ်စု ထောင်သုံးနှစ်ချမှတ်

MFP ၊ ဩဂုတ် - ၂၅



မန္တလေးမြို့က ဓာတ်ပုံသတင်းထောက်ဟောင်း ကိုဇော်ဇော်(ဒိုင်ယာနာ)ကို စစ်အုပ်စုက မနေ့က ထောင်သုံးနှစ် ချမှတ်လိုက်တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။



ကိုဇော်ဇော်ဟာ ပြီးခဲ့တဲ့ ဧပြီလ (၁၀)ရက်မှာ စစ်အုပ်စုရဲ့ ဖမ်းဆီးခံထားရတာဖြစ်ပြီး နန်းတွင်း စစ်ကြောရေးမှာ တစ်လခန့် စစ်ဆေးခံရပြီးနောက် အိုးဘိုထောင်ကို အပို့ခံရပါတယ်။



အဲဒီနောက် မေလ (၆)ရက်မှာတော့ ဆူပူအောင်လှုံ့ဆော်တယ်ဆိုပြီး ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ - က နဲ့ တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။



ကိုဇော်ဇော်ဟာ စစ်တပ်က အာဏာမသိမ်းခင် ဧရာဝတီသတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။



( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)



#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကိုဇော်ဇော် #ဓာတ်ပုံသတင်းထောက် 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ