မန္တလေး မြေခွေးပြောက်ကျားတပ်ဖွဲ့ တပ်စိတ်မှူး လက်နက်မတော်တဆဖြစ်ကာ ကျဆုံး

မန္တလေး မြေခွေးပြောက်ကျားတပ်ဖွဲ့ တပ်စိတ်မှူး လက်နက်မတော်တဆဖြစ်ကာ ကျဆုံး

MFP ၊ အောက်တိုဘာ - ၁၄

မန္တလေးမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့ တစ်ခုဖြစ်တဲ့ NGU:FF (မြေခွေးတပ်ဖွဲ့) ရဲ့ တပ်စိတ်မှူး ရဲဘော် ကိုအာရုဏ်ဦးဟာ အောက်တိုဘာ (၁၀) ရက်က လက်နက်မတော်တဆမှု ဖြစ်ပြီး ကျဆုံးသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

မတ္တရာမြို့နယ်အတွင်း လက်နက် မတော်တဆဖြစ်ကာ အသက် (၃၈) နှစ်အရွယ်ရှိ ကိုအာရုဏ်ဦး ကျဆုံးခဲ့တာဖြစ်တယ်လို့ NUG:FF က ဆိုပါတယ်။

“ တော်လှန်ရေးထဲ စဝင်တဲ့အချိန်ကနေ ကျဆုံးသွားတဲ့ နောက်ဆုံးအချိန်ထိ တော်လှန်ရေးအပေါ်ရိုးသားသွားတဲ့ ရဲဘော်ရဲဘက်ကောင်း ကိုအာရုဏ်ဦးကို ကျွန်တော်တို့ အဖွဲ့သားတွေက အမြဲသတိရနေမှာပါ “ လို့ မြေခွေးတပ်ဖွဲ့က ဖော်ပြပါတယ်။

မြေခွေးတပ်ဖွဲ့ရဲ့ တပ်ဖွဲ့ဝင်တွေဖြစ်ကြတဲ့ တပ်ခွဲမှူးကိုကျော်၊ တပ်စိတ်မှူးရဲရဲ၊ တပ်စိတ်မှူး ကိုအာရုဏ်ဦးနဲ့ ရဲဘော်ဂတုံးတို့ဟာ တော်လှန်ရေးအတွင်း အသက်ပေးဆပ် ကျဆုံးသွားခဲ့ကြပြီး သူတို့ကိုယ်စား ကျန်တဲ့ရဲဘော်တွေက စစ်အာဏာရှင် ရှင်းလင်းသုတ်သင်ရေးကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

မြေခွေးတပ်ဖွဲ့ - NUG:FF ဟာ နွေဦးတော်လှန်ရေး အစောပိုင်းကာလ ၂၀၂၁ ကတည်းက ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး တိုက်ပွဲဝင်နေတဲ့ မန္တလေးမြို့ပြ ပြောက်ကျာတပ်ဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်ပြီး စစ်အုပ်စုရဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေ ကြုံခဲ့ရပြီးနောက် မြို့ပြပြောက်ကျား တိုက်ခိုက်မှုထက် နယ်ဒေသတွေမှာ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်နေတယ်လို့ ဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #လက်နက်မတော်တဆဖြစ်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ